ဒီရေတောများ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရန်လို

 

၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူအများစုသည် လေကြောင့် သေဆုံးခြင်းထက် ရေကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းမှ လမုပင်များ အဟောသိကံထုတ်ပြီး မီးသွေးဖုတ်၊ ထင်းခုတ်ခဲ့သဖြင့် အစားထိုး ပြန်လည်စိုက်ပျိုးမှုအားနည်းပြီး ပင်လယ်ရေကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တွင်အလားတူ အန္တရာယ်များကို ကာကွယ်တားဆီးနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဒီရေတောများ ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းနှင့် ရှိပြီးသား ဒီရေတောများ ထိန်းသိမ်းခြင်းများကို  ဆောင်ရွက်ရန်လိုကြောင်း၊  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး  ဧရာဝတီ၊  ရခိုင်၊ ရန်ကုန်၊ မွန်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများတွင် လမုပင်များ၊ အုန်းပင်များစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ အုန်းထွက်ပစ္စည်းများသည် များစွာအသုံးဝင်ပြီး တန်ဖိုးလည်းရှိကြောင်း၊ မြစ်ဝကျွန်းပေါ်တစ်လျှောက်လုံးတွင် အုန်းပင်နှင့် လမုပင်များ စိုက်ပျိုးရမည်ဖြစ်ကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၁၃-၁၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)