ဒီပဲယင်းမြို့နယ်၌ နွေစပါးစိုက်မည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

 

ဒီပဲယင်း   ဇန်နဝါရီ   ၆


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်း မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများ ဓာတ်မြေဩဇာများ    ဈေးနှုန်းချိုသာစွာဖြင့်   သုံးစွဲနိုင်ရေးအတွက်  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့်    ယူရီးယားဓာတ်မြေ ဩဇာများကို   ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်း    စိုက်ပျိုးရေးဦးစီးဌာန   မြို့နယ် ဦးစီးမှူး ဦးအေးမင်းထွန်းထံမှ သိရသည်။

 


စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော ဓာတ်မြေဩဇာကို ပြည်ပမှ ဈေးနှုန်းကြီးမြင့် စွာဖြင့်    ဝယ်ယူတင်သွင်းရန်    ခက်ခဲနေသည့် အချိန်တွင် ပြည်တွင်းဓာတ်မြေဩဇာစက်ရုံ များမှ ထုတ်လုပ်သော ယူရီးယားဓာတ်မြေ ဩဇာများကို     လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး  ပထမအကြိမ်  ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အကျိုးဆောင်တောင်သူ များကို  ယူရီးယားဓာတ်မြေဩဇာ ၃၂၅ အိတ် ဖြန့်ဖြူးပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၁၀၅၅ အိတ်ကို ဇန်နဝါရီ  ၄ ရက်တွင် ဖြန့်ဖြူးပေးခဲ့ ကြောင်း၊ ဆက်လက်ပြီး ယူရီးယားဓာတ်မြေ ဩဇာများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူးက ပြောသည်။

 


ထို့အပြင်   ဒီပဲယင်းမြို့နယ်   စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့်     မြေဆီလွှာဖွံ့ဖြိုးတိုးတက် ရေးအတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာများ   အချိုးကျသုံးစွဲနိုင်ရေး၊   သစ်စိမ်း မြေဩဇာစိုက်ပျိုးသုံးစွဲရေး၊    သဘာဝမြေ ဩဇာများ    ပြုလုပ်သုံးစွဲရေးနှင့်   လယ်ယာ လုပ်ငန်းတွင်    အကျိုးပြုအဏုဇီဝပိုးများ၏     အခန်းကဏ္ဍအရေးကြီးမှုကို  တောင်သူများ သိရှိစေရန် ပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။    


 သိန်းထွန်း(ဒီပဲယင်း)