
ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ပြီး လူထုကို အကြောက်တရားဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူကိုခြိမ်းခြောက်၍ အကြောက်တရားဖြစ်အောင် ဆောင်ရွက် ခြင်းသည် ဒီမိုကရေစီနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပြည်သူများ အားလုံးနှင့် တာဝန်ရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ စုပေါင်းအားဖြင့် ဆောင်ရွက်သွားကြရန် လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၃-၁၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)