
ဓနုဖြူ စက်တင်ဘာ ၂၉
ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံး၌ ဒေသခံပြည်သူများ မွေးမြူထားသော ခွေးများကို စက်တင်ဘာ ၂၈ ရက်မှစ၍ ခွေးရူး ရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံ ခြင်းကို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဟေမာဆွေနှင့် ဝန်ထမ်း များက ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ် သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သော ကြောင့် မိမိတို့မွေးမြူထားသော ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံ ပေးခြင်းဖြင့် ခွေးရူးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် အခမဲ့ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း ဦးစီးမှူးက ပြောသည်။
မြို့နယ်(ပြန်/ဆက်)