
နေပြည်တော် နိုဝင်ဘာ ၈
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေး ဗဟိုဦးစီးအဖွဲ့အနေဖြင့် ကန့်သတ်ဓာတုပစ္စည်း များနှင့် တားမြစ်ဓာတုပစ္စည်းများစာရင်းကို ဥပဒေ အရ ဖွဲ့စည်းထားရှိသည့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ သဘောထား မှတ်ချက်များရယူ၍ လိုအပ်ချက်များနှင့်အညီ ထုတ်ပြန်ကြေညာလျက်ရှိကြောင်း၊ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ၏ အရည်အသွေးကို နမူနာရယူ၍ ဓာတ်ခွဲ စစ်ဆေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မူလဓာတ်ခွဲခန်းကို စတင်တည်ဆောက်လျက်ရှိ ကြောင်း၊ ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုကြီးကြပ်ရေး အဖွဲ့များ၏ လုပ်ငန်းတာဝန်များကို စက်မှုဝန်ကြီးဌာန မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအား နိုင်ငံအတွင်းသို့ တင်သွင်း ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းများအတွက် ထောက်ခံ ချက်များကို စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ ဗဟို ဦးစီးအဖွဲ့အနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ငန်းတာဝန်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပညာရှင်များ အနေဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ချမှတ်နိုင်ရေးအတွက် ပွင့်လင်းစွာဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေ၊ ဆက်လက်ဆောင် ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဓာတုပစ္စည်း၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများမှ သဘောထားများတောင်းခံလာပါက ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်ကြားပေး လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများ ကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်း၊ EIA ၊ IEE ၊ EMP တို့ကိုလည်း ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း၊ ရွှေသန့်စင်ထုတ်လုပ်သည့် လုပ်ငန်း များတွင် အသုံးပြုလျက်ရှိသော ဓာတုပစ္စည်းများနှင့် ပတ်သက်၍ အထူးအလေးထား ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ဝန်ကြီး ဌာနအောက်ရှိ စက်ရုံများ၌ အမိုးနီးယားထုတ်လုပ် ခြင်းလုပ်ငန်းများအား ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နှင့်ပတ်သက်၍ အလုပ်သမားများအတွက်သာမက ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက်လည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေကို ပြဋ္ဌာန်းပြီး ဖြစ်၍ စက်ရုံ အလုပ်ရုံများကို သတ်မှတ်ပြဋ္ဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးလျက်ရှိ ကြောင်း၊ ဓာတုပစ္စည်းများနှင့်ပတ်သက်၍ ထိခိုက်မှု မရှိအောင် ကာကွယ်နိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ခေတ်မီဓာတ်ခွဲခန်းများ ဖွင့်လှစ်၍ ဓာတုပစ္စည်းများကို စစ်ဆေးပေးလျက်ရှိကြောင်း၊ ဓာတုပစ္စည်းအသုံးပြု မှုလျှော့ချနိုင်ရေးအတွက် အဏုဇီဝပိုးမွှားများဖြင့် အစားထိုး အသုံးပြုနိုင်ရေး၊ သုတေသနများ ပြုလုပ် လျက်ရှိကြောင်း၊ ဓာတုပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည် တော်တွင် ဓာတုပစ္စည်း၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းကြပ်မတ်စစ်ဆေးနေမှု အခြေအနေနှင့် ဓာတုပစ္စည်းများနှင့်ပတ်သက်၍ လမ်းညွှန်ချက်များ နှင့်အညီပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် အဖွဲ့ဝင်များ၊ ပညာရှင်များက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ် နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်