ဓာတုဗေဒ နိုဘယ်ဆုကို ဂျာမနီနှင့် စကော့တလန်ဖွား သိပ္ပံပညာရှင်နှစ်ဦး ပူးတွဲရရှိ

 

စတော့ဟုမ်း အောက်တိုဘာ ၆ 


၂၀၂၁   ဓာတုဗေဒ  နိုဘယ်ဆုကို သိပ္ပံပညာရှင်နှစ်ဦးအား  ချီးမြှင့် လိုက်ကြောင်း    တော်ဝင်ဆွီဒင် သိပ္ပံ အကယ်ဒမီက အောက်တို ဘာ  ၆  ရက်က   ကြေညာလိုက် သည်။ 


ဆွီဒင်အင်စတီကျူက ယခု နှစ်  ဓာတုဗေဒ   နိုဘယ်ဆုကို  ဂျာမနီသိပ္ပံပညာရှင် ဘန်ဂျမင် လစ်တ်နှင့်  အမေရိကန်  ပရင် စတန်တက္ကသိုလ်၏    စကော့ တလန်ဖွား   သိပ္ပံပညာရှင် ဒေးဗစ် ဒဗလျူစီ မက်စ်မီလန် တို့ကို    မော်လီကျူးများ   တည် ဆောက်ရာတွင် လွယ်ကူအောင် အထောက်အကူပြုသည့် ပညာ ရပ်တစ်ခုဖြစ်သည့် organocata-lysis ဟုခေါ်သည့် ဓာတုဗေဒ ပညာရပ်ကို   တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ယခုလို       ဆုချီးမြှင့်ခဲ့ခြင်းဖြစ် ကြောင်း      ထုတ်ဖော်ပြောကြား လိုက်သည်။ 


၎င်းတို့သည်   ဆုငွေ  အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၁၃ သန်း ကို ခွဲဝေရရှိကြမည် ဖြစ်သည်။ 
သိပ္ပံပညာရှင်    နှစ်ဦးသည် ဓာတုဓာတ်ပြုမှုများကို ထိန်းချုပ် ခြင်း  သို့မဟုတ်  မြန်ဆန်အောင် လုပ်ဆောင်ပေးသည့်      ဓာတ်ကူ ပစ္စည်း  catalysts  ဟုခေါ်သည့် ပစ္စည်းနှင့် တတိယအမျိုးအစားဓာတ်ပြုခြင်းတို့ကို ရှာဖွေတွေ့ရှိ ခဲ့သည်။ 


၎င်းတို့၏     တွေ့ရှိမှုကို  asymmetric  organocatalysis   ဟုခေါ်ပြီး    အဆိုပါတွေ့ရှိမှုသည် သုတေသန နယ်ပယ်သစ်တစ်ခုကို လမ်းဖွင့်ပေးနိုင်ခဲ့သည်။ ၎င်းတို့၏ ကျေးဇူးကြောင့် အဆိုပါပညာရပ် သည် ၂၀၀၀ ပြည့်နှစ်မှစပြီး အရှိန် အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ 


တယ်လီဖုန်း တွေ့ဆုံမေးမြန်း ခန်းတစ်ခုတွင် လစ်တ်က မမျှော် လင့်ဘဲ   အံ့အားသင့်ခဲ့ရကြောင်း နှင့်   ထိုခဏတာအချိန်လေးကို တစ်သက်    မေ့လို့မရနိုင်တော့ ကြောင်း ပြောကြားလိုက်သည်။


လစ်တ်ကို        ဂျာမနီနိုင်ငံ ဖရန့်ဖတ်တွင်     ၁၉၆၈   ခုနှစ်က မွေးဖွားခဲ့ပြီး    ဖရန့်ဖတ်ရှိ   ဂိုသဲ တက္ကသိုလ်တွင်     ၁၉၉၇   ခုနှစ်၌ ဒေါက်တာဘွဲ့ရရှိခဲ့သည်။ သူသည် ယခုအခါတွင်     မက်ပလန့်ခ် အင်စတီကျူ၏ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သည်။ 


မက်စ်မီလန်ကို     ဗြိတိန်၊ ဘဲလ်ရှီးလ်အရပ်တွင်    ၁၉၆၈ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၉၆ ခုနှစ်  တွင်   အမေရိကန်ပြည်ထောင်စု အာဗိုင်းရှိ   ကယ်လီဖိုးနီးယား တက္ကသိုလ်တွင်     ဒေါက်တာဘွဲ့ ရရှိခဲ့သည်။                      

ဆင်ဟွာ