
ရန်ကုန် ဇူလိုင် ၁၄
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာ မကြာမီဖွင့်လှစ်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး မင်္ဂလာခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အောင်မြင့်မိုရ်အိမ်ရာ အား မြန်မာနိုင်ငံ ဆောက်လုပ်ရေးကန်ထရိုက်တာ
များအသင်းမှ ဦးဆောင်၍ ကိုဗစ်-၁၉ လူနာ ကုသရေး စင်တာအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ရာ ဌာန ဆိုင်ရာများနှင့် ဆရာဝန်ကြီးများ၊ စေတနာရှင်အသင်း အဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် အောင်မြင့်မိုရ်စင်တာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၈၀၀ ထားရှိနိုင်ရန် အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ
ပြင်ဆင်ထားရှိပြီးစီးမှုများ၊ လူနာများထားရှိမည့် အခန်းများသို့ အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်း တပ်ဆင်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်ကိုနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ် နိုင်ရေး ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ လူနာများ အတွက် အောက်ဆီဂျင်လိုအပ်မှုများစွာရှိကြောင်း ၊ သို့ဖြစ်၍ လိုအပ်နေသော အောက်ဆီဂျင်ရရှိရေး အတွက် အလှူရှင်များ၏ ပံ့ပိုးကူညီလှူဒါန်းမှုများ ဖြင့် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းလျက်ရှိရာ မကြာမီရက်များအတွင်း ရန်ကုန်သို့ Liquid Oxygen တန် ၂၀ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ဆက်တိုက် တန် ၅၂၀ ရောက်ရှိလာမည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ဆေးရုံ ၊ စင်တာများတွင် လိုအပ်နေသော အောက်ဆီ ဂျင်များကို ဖြည့်တင်းပေးမည့်အပြင် ပြည်သူများသို့ လည်း အခမဲ့လှူဒါန်းဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)