ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၁၆)ရပ်ကွက်၌ နဂါးရုံဘုရားပြိုကျ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

ရန်ကုန်     ဩဂုတ်    ၂၅


ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယနေ့နံနက် ၁ဝ နာရီခွဲခန့်က (၁၆)ရပ်ကွက်  သဲအင်းဂူဘုရားလမ်း    တိုးကြောင်ကလေးဘူတာရုံ နှင့်   မြို့ဦးစေတီအနီး    ဘူတာရုံကျောင်းတိုက်ဝင်း အတွင်းရှိ   တည်ဆဲနဂါးရုံဘုရား  ပြိုကျမှုဖြစ်ပွားခဲ့ သည်။ 


အဆိုပါပြိုကျမှုအောက်တွင် လူပိမိနေမှုဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့်    မြန်မာနိုင်ငံ  မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး  ဦးသိန်းထွန်းဦး ဦးဆောင်သော   အုပ်ချုပ်မှုယာဉ်တစ်စီး၊    ရှာဖွေ ကယ်ဆယ်ရေးယာဉ်တစ်စီး၊   အထောက်အကူပြု ယာဉ်နှစ်စီး၊  ဒဂုံမြို့သစ်(တောင်ပိုင်း)   မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်တစ်စီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်    မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊         အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များက   သက်ဆိုင်ရာ   အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍     ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်သည်။


ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် စဉ်  မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ပြိုကျမှုအောက် ပိမိနေသူ အမျိုးသားတစ်ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး မြို့ဦးလုလင်ပရဟိတ အသင်းမှ သူနာတင်ယာဉ်ဖြင့်   သင်္ဃန်းကျွန်း   စံပြ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်‌ပေးခဲ့‌ကြောင်း သိရ သည်။                  

မြင့်မြင့်ရီ(ပြန်/ဆက်)