ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲရုံတည်နေရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်  အောက်တိုဘာ  ၆


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင်   ၂၀၂၃ ခုနှစ်   အထွေထွေရွေးကောက်ပွဲ အတွက်        မြို့နယ်အတွင်းရှိ ရပ်ကွက်၊     ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့် လျာထားမဲရုံ သတ်မှတ်ခြင်းနှင့် မဲရုံတည်နေရာ ကိစ္စ       ညှိနှိုင်းအစည်းအဝေးကို မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။

 


ရှေးဦးစွာ  ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးမျိုးသူက   အမှာစကား ပြောကြားခြင်း၊          မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ  ဒေါ်သက်မွန်ဆွေက မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများ၌   ဖွင့်လှစ်ထားရှိမည့် လျာထားမဲရုံ   သတ်မှတ်ခြင်းနှင့် မဲရုံတည်နေရာ       ကိစ္စအတွက် အစည်းအဝေး    ပြုလုပ်ခြင်းဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်  တက်ရောက်လာ သော  ရပ်ကွက်၊  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက        မိမိတို့ ရပ်ကွက်၊       ကျေးရွာအုပ်စုများ အတွင်း လျာထားမဲရုံ သတ်မှတ်မှု နှင့်  မဲရုံတည်နေရာတို့အား တင်ပြ ဆွေးနွေးကြရာ    မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်     မြို့နယ် ရွေးကောက်ပွဲကော်မရှင်   အဖွဲ့ခွဲ အဖွဲ့ဝင်         ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးကာ ပေါင်းစပ် ညှိနှိုင်းသည်။  ယင်းနောက်   ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်  ၃၃  ခု၊ ကျေးရွာအုပ်စု သုံးခုပေါင်း ၃၆ အုပ်စုတွင် မြို့နယ် အနေဖြင့်   လျာထားမဲရုံ   ၁၇၀ သတ်မှတ်ထားကြောင်း      သိရ သည်။  

      
ဝင်းအိမွန် (ပြန်/ဆက်)