
ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၄)ရပ်ကွက် စက်မှု ဇုန်တွင် ယနေ့နံနက်ပိုင်းက စတင်၍ မြောက်ဒဂုံစက်မှုဇုန်ကော်မတီရုံးတွင် စက်မှုဇုန် အတွင်းရှိ အလုပ်သမား ၃၅၈ ဦး အား ကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ် ထိုးနှံပေး သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံ ရန် လာရောက်သူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ နှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ ဆောင်ရွက် ပေးပြီး ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေး သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် သြဂုတ် ၁၅ ရက် အထိ ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၆၅ နှစ်နှင့် အထက် ဘိုးဘွား ၄၆၅၂ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၆၈၉ ဦး၊ စေတနာ့ ဝန်ထမ်း ၂၃၂ ဦး၊ သံဃာတော်၊ သီလရှင် ၁၅၄ ပါး၊ နိုင်ငံ့ ဝန်ထမ်း ၃၉၅ ဦး၊ အကျဉ်သား အကျဉ်းသူ ၁၆ ဦး ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)