
မုံရွာ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက် ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃)ကို စက်တင်ဘာ ၂၀ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရှိရန် လိုအပ် ၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး စေရေးတို့ကို ခရိုင်/မြို့နယ်များတွင် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ သည် ပြည်သူများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင် ရမည်ဖြစ်၍ ပြည်သူ့အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံကာ အကောင်အထည် ဖော်မှုများပေးသွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ ခရိုင်/မြို့နယ်များအတွင်း ဆောင်ရွက်နေသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်သွားကြရန်နှင့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အမှန်တကယ် စားသုံးမည့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချ ပေးရေးကို တာဝန်ရှိသူများက အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များ အတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက် ၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)