ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် တူရကီနိုင်ငံနှင့် ပိုမိုခိုင်မာသောဆက်ဆံရေးတည်ဆောက်ရန် အီရန်သမ္မတ သန္နိဋ္ဌာန်ချ

တီဟီရန်   ဇန်နဝါရီ   ၂၃


အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီ သည်  ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက်   တူရကီနိုင်ငံနှင့်    ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပိုမိုတောင့်တင်းခိုင်မာသောဆက်ဆံရေး          တည်ဆောက်ရန် ဇန်နဝါရီ  ၂၂ ရက်တွင် သန္နိဋ္ဌာန်ချမှတ်ခဲ့ ကြောင်း အီရန်သမ္မတရုံးဝက်ဘ်ဆိုက်မှဖော်ပြထားသည်။


ပြောကြား


အီရန်သမ္မတ အီဘရာဟင်ရိုင်စီသည် ဇန်နဝါရီ  ၂၂   ရက်က    တူရကီသမ္မတ အာဒိုဂန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး စဉ်အတွင်း   အထက်ပါအတိုင်း မှတ်ချက် ပြုပြောကြားခဲ့ခြင်းဖြစ်သည်။


တူရကီနိုင်ငံကလည်း အီရန်နိုင်ငံနှင့် ဆက်ဆံရေးခိုင်မာစေရန်    မတူကွဲပြား သော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး  ဖြစ်ကြောင်းနှင့်  မိမိ အနေဖြင့် မကြာမီကာလအတွင်း အီရန် နိုင်ငံသို့  အလည်အပတ်ခရီးသွားရောက် ရန်      မျှော်လင့်ထားကြောင်း  တူရကီ သမ္မတ      အာဒိုဂန်က    ပြောကြားခဲ့ သည်။


ထို့ပြင် တူရကီသမ္မတ အာဒိုဂန်သည် အီရန်နိုင်ငံအနေဖြင့်   တူရကီနိုင်ငံသို့ စွမ်းအင်အထောက်အပံ့များ ဆက်လက် ပေးပို့ရေးကို အလေးထားပြောကြားခဲ့ပြီး တူရကီနိုင်ငံက အီရန်နိုင်ငံအား ယုံကြည် စိတ်ချရသော၊ စွမ်းအင်ထောက်ပံ့သော နိုင်ငံအဖြစ် သတ်မှတ်ကာ အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ         တိုးမြှင့် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။


ဒေသတွင်းလုံခြုံရေး၏ အာမခံချက် ရရှိရေးအတွက် တူရကီနှင့် အီရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်          အဓိက အရေးကြီးကြောင်း     တူရကီသမ္မတ အာဒိုဂန်က ဆက်လက်ပြောကြားသည်။ 


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်