ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး တန်ဖိုးကြီးသည့် လေယာဉ်၊ ရဟတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေးခဲ့ လေယာဉ်၊ ရဟတ်ယာဉ်များ ခေတ်မီလာသကဲ့သို့ ပျံသန်းမောင်းနှင်မည့် လေသူရဲ၊ လေယာဉ်သား၊ စက်မှုလက်မှုအရာရှိ၊ စစ်သည်များ၏ အရည်အချင်း၊ အရည်အသွေးတိုးတက်လာရန်လို

 

နေပြည်တော်   ဒီဇင်ဘာ    ၁၅


ပြည်ထောင်စုသမ္မတ     မြန်မာနိုင်ငံတော်၊    တပ်မတော်(လေ)၏ (၇၄)နှစ်မြောက်  နှစ်ပတ်လည် နေ့အခမ်းအနားတွင်  နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်းပကား       မြင့်မားစေရန်အတွက် လေယာဉ်၊   ရဟတ်ယာဉ်များ   တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်   မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်၌ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊     တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်  တက်ရောက်ချီးမြှင့်သည်။


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊      တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ)များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)  ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်နှင့်   ဇနီး၊                               ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  လေတပ်စခန်းဌာနချုပ် မှူးများနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြ သည်။


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍  နှုတ်ခွန်းဆက် စကား ပြောကြားသည်။


ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  အမှာ စကားပြောကြားရာတွင် အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုး စီးပွားကို    ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်ကို အင်အားတောင့်တင်းပြီး  စွမ်းရည် ထက်မြက်သည့်     ခေတ်မီတပ်မတော်တစ်ရပ်ဖြစ် အောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ သို့မှ သာ နိုင်ငံတော်၏   ပိုင်နက်နယ်မြေနှင့်  အမျိုးသား အကျိုးစီးပွားကို    ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပြီး   ဒေသတွင်းငြိမ်းချမ်းရေးနှင့်   လုံခြုံရေးကို တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း။


အန္တရာယ်များကို တားဆီးကာကွယ်


မိမိတို့တပ်မတော်သည် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ဖွဲ့စည်းထားသည့်  ပြည်ထောင်စု တပ်မတော်ဖြစ်ပြီး နိုင်ငံတော်အပေါ်ကျရောက်လာ နိုင်သည့် ပြည်တွင်းပြည်ပအန္တရာယ်များကို တားဆီး ကာကွယ်ရန် အဓိကတာဝန်ရှိသည့်   အဖွဲ့အစည်း ဖြစ်ကြောင်း၊    နိုင်ငံတော်၏    အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)  တပ်ဖွဲ့များသည်   ပြည်သူများနှင့်    လက်တွဲ ပြီး အသက်၊   သွေး၊   ချွေးပေါင်းများစွာ   ပေးဆပ်၍ ဆောင်ရွက်ခဲ့ကြကြောင်း။
ယနေ့မျက်မှောက်ခေတ်စစ်ပွဲများကို ကြည့်ပါက လေကြောင်းစွမ်းအား၏အရေးပါမှုကို တွေ့ရမည်ဖြစ် ကြောင်း၊ လေကြောင်းနှင့် အာကာသစွမ်းအားသည် ကမ္ဘာပေါ်တွင်  မည်သည့်အချိန်အခါ     နေရာဒေသ မရွေး ပစ်မှတ်ကိုတိုက်ခိုက်နိုင်သည်ကို   ခေတ်သစ် စစ်ပွဲများတွင်     လက်တွေ့ပြသနိုင်သည့်အတွက် ယနေ့ခေတ်တွင် လေကြောင်းနှင့် အာကာသစွမ်းအား အယူအဆသည်  ခိုင်မာလျက်ရှိကြောင်း၊     မြေပြင်၊ ဝေဟင်နှင့်  ပင်လယ်ပြင်များတွင်   စိုးမိုးနိုင်သလို အာကာသကိုလည်း စိုးမိုးနိုင်ရေး ဆက်လက်ကြိုးစား သွားရမည်ဖြစ်ကြောင်း။


ထို့ကြောင့် တပ်မတော်(လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များကို အဆင့်မြှင့်တင်ခြင်း နှင့် ထပ်မံဝယ်ယူ ဖြည့်တင်းခြင်းများ   ဆောင်ရွက် ပေးသည့်အပြင်   သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များနှင့်   တိုက်ခိုက်ရေးရဟတ်ယာဉ် များလည်း    ဝယ်ယူဖြည့်တင်းနိုင်ခဲ့သည့်အတွက် မြန်မာ့ဝေဟင်ပိုင်နက်စိုးမိုးရေးကို  အဆင့်မြှင့်တင် နိုင်ခဲ့ကြောင်း၊     လေယာဉ်၊  ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်သည့်နေရာတွင်   စတုတ္ထမျိုးဆက်၊ ပဉ္စမမျိုးဆက်ကဲ့သို့      အဆင့်မြင့်တိုက်လေယာဉ် များအထိ   မဟုတ်သော်လည်း    ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် တိုက်လေယာဉ်အဆင့်မျိုးအထိ ရရှိအောင်  အဆင့်မြှင့်တင်ခြင်းများ၊ သုတေသနပြု ဆောင်ရွက်ခြင်းများ    လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း။


ခေတ်မီတပ်မတော်(လေ)ဖြစ်စေရေး    တည် ဆောက်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေ ကြောင်း၊ ထို့ကြောင့် လေသူရဲများ၊   စက်မှုလက်မှု စစ်သည်များ၏   လေ့ကျင့်ရေးစွမ်းရည်   မြင့်မား လာစေရန်အတွက်   လေယာဉ်အမျိုးအစားအလိုက် Simulator များ တပ်ဆင်ပေးခြင်း၊   လေ့ကျင့်ရေး ကျောင်းများကို အဆင့်မြှင့်တင်ခြင်းနှင့် လေကြောင်း စစ်ဆင်ရေးသင်တန်းကျောင်း   ဖွင့်လှစ်ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။


အချိန်နှင့်တစ်ပြေးညီ  ရယူပေးနိုင်


လေယာဉ်၊   ရဟတ်ယာဉ်များ   ပြင်ဆင်ထုတ်လုပ် ရန်အတွက်လည်း လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်တွင်   ရဟတ်ယာဉ်များအား    အကြီးစား ပြင်ဆင်ခြင်းနှင့် တိုက်လေယာဉ်များ အဆင့်မြှင့်တင် နိုင်ရန် လိုအပ်သည့် စက်မှုလက်မှုဆိုင်ရာအဆောက် အဦများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ   အဆောက် အဦများ၊ အလုပ်ရုံများကို တည်ဆောက်ပေးနိုင်ခဲ့ ကြောင်း၊ တပ်မတော်(လေ)တွင် လိုအပ်သော မြေပြင် အထောက်အကူပစ္စည်းများဖြစ်သည့် လေကြောင်း လမ်းညွှန်စက်များနှင့် စစ်ဆင်ရေး အထောက်အကူ ပြု  ရေဒါများကို    တပ်ဆင်ပေးနိုင်ခဲ့သည့်အတွက် မြန်မာ့ဝေဟင်ကို        စောင့်ကြည့်ကာကွယ်နိုင်ခဲ့ ကြောင်း၊ ခေတ်မီ  မိုးလေဝသရေဒါများကိုလည်း ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့သည့်အတွက် လေကြောင်း မိုးလေဝသဌာနခွဲများ    ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ ကာ ပျံသန်းရေးအတွက် အရေးကြီးသည့် ရာသီဥတု အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီ  ရယူပေး နိုင်ခဲ့ကြောင်း။


တပ်မတော်(လေ)အနေဖြင့်    စွမ်းရည်မြင့်မား စွာ လှုပ်ရှားစစ်ဆင်နိုင်ပြီး  နိုင်ငံတော်၏   ဝေဟင် ပိုင်နက်ကို    စိုးမိုးထားနိုင်ရန်အတွက်     ခေတ်မီ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ပျံသန်းစစ်ကစားနိုင် သည့် လေသူရဲများပိုင်ဆိုင်ရုံဖြင့်   မပြည့်စုံနိုင်သည် ကို သိရှိထားရမည်ဖြစ်ကြောင်း၊    စက်မှုလက်မှု၊ လေကြောင်းထိန်း၊ ရေဒါနှင့်မိုးလေဝသစသည့် ကဏ္ဍ အသီးသီးမှ အရာရှိ၊ စစ်သည်အားလုံး     စည်းလုံး ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှသာ   စစ်ဆင်ရေး များကို   အောင်မြင်အောင်    ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊  ထိုသို့ဆောင်ရွက်ခြင်းသည်     တပ်တွင်း စည်းလုံးညီညွတ်ရေး၏ အင်အားတစ်ရပ်ဖြစ်သည် ကို ပြသနေခြင်းပင်ဖြစ်ကြောင်း။


အထူးသတိပြုဆောင်ရွက်


လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေကို   ပြောရ မည်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းမှုကို မလိုလား သည့် NUG၊ CRPH၊ PDF  အမည်ခံအကြမ်းဖက် အဖွဲ့အစည်းများသည်      စာသင်ကျောင်းများနှင့် အစိုးရပိုင်အဆောက်အဦများကို      မိုင်းထောင် ဖောက်ခွဲခြင်း၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များကို အန္တရာယ်ပေးခြင်းများ ဆောင်ရွက်နေသည့် အပြင်    တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တပ်မတော်နှင့် ပြည်သူသွေးကွဲစေရန် လူမှုကွန်ရက် များ၊ ပြည်ဖျက်မီဒီယာများမှတစ်ဆင့် မဟုတ်မမှန် သတင်းများနှင့် ဝါဒဖြန့်လျက်ရှိကြောင်း၊ တပ်မတော် သားများနှင့် မိသားစုဝင်များအနေနှင့်လည်း လက်ရှိ ဖြစ်ပေါ်နေသည့်   နိုင်ငံရေးအခြေအနေမှန်များကို သိရှိအောင်လေ့လာသွားကြရန်နှင့်   စစ်သတင်းနှင့် စာရွက်စာတမ်းလုံခြုံရေး၊ စစ်ပစ္စည်းလုံခြုံရေး၊ စစ်မှု ထမ်းလုံခြုံရေး၊ စစ်ဆင်မှုနှင့်လေ့ကျင့်ခြင်း   လုံခြုံ ရေးဆိုသည့် လုံ(၄)လုံကို  အထူးသတိပြုဆောင်ရွက် ရန်လိုကြောင်း။        


တပ်တွင်းစည်းလုံးညီညွတ်ရေးကို ဆောင်ရွက် ရာတွင် တပ်မတော်သားတိုင်း   လိုက်နာကျင့်ကြံရ မည့် စစ်သည်တော်ကျင့်ဝတ်များကို တိတိကျကျ လိုက်နာကျင့်ကြံကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင် အသီးသီးတို့သည်လည်း   ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်ကို သေချာနားလည်အောင်လုပ်ဆောင်ပြီး အဆင့်နှင့်လျော်ညီသည့် ခေါင်းဆောင်မှုပေးနိုင်ပါက တပ်တွင်းစည်းလုံးညီညွတ်မှုကို     အမှန်တကယ် ရရှိမည်ဖြစ်ကြောင်း။


မိမိတို့တတ်စွမ်းသမျှ ကူညီ


တပ်တွင်းစည်းလုံးညီညွတ်ရေး   ရရှိလာပါက တပ်ပြင်စည်းလုံးညီညွတ်ရေးကိုပါ   အလွယ်တကူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ်နှင့် အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး   ပြည်သူများ၏ အကျိုးစီးပွားကို    မိမိတို့တတ်စွမ်းသမျှ    ကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊      ထို့ကြောင့်  တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် တပ်တွင်း/တပ်ပြင် စည်းရုံးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင်  နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာ စောင့်သိပြီး ကောင်းမွန်သည့်စိတ်ရင်းစေတနာထားရှိကာ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။


ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ အစွမ်းကုန်      ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊    နိုင်ငံတော်အစိုးရ၊     ပြည်သူလူထု၊ တပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး လက်တွဲပြီး ကိုဗစ်-၁၉ ကပ်ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင်   စုပေါင်း ညီညွတ်စွာဆောင်ရွက်ခဲ့ကြသကဲ့သို့   ကိုဗစ်-၁၉ တတိယလှိုင်းကိုကျော်လွှားနိုင်ခဲ့သော်လည်း အဆိုပါ ရောဂါ သည် ကမ္ဘာတွင် လုံးဝပျောက်ကင်းသွားရန်မှာ အချိန်ကာလတစ်ခုအထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)အနေဖြင့်      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို   ပြည်နယ်၊   တိုင်းဒေသကြီးများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းရင်းသား ဒေသများအထိ အချိန်မီရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့သည့်အတွက်   ကျေးဇူးတင်ကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။


ဝယ်ယူဖြည့်တင်းပေးခဲ့ခြင်းဖြစ်


တပ်မတော်(လေ)ကို  ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက်    တန်ဖိုးကြီးသည့် လေယာဉ်၊ ရဟတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေး ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လေယာဉ်၊ ရဟတ်ယာဉ်များ ခေတ်မီလာသကဲ့သို့ပျံသန်းမောင်းနှင်မည့် လေသူရဲ၊ လေယာဉ်သား၊ စက်မှုလက်မှုအရာရှိ၊ စစ်သည်များ ၏ အရည်အချင်း၊ အရည်အသွေး တိုးတက်လာရန် လိုအပ်ကြောင်း။


ထို့ကြောင့် “လေ့ကျင့်မှ ကျွမ်းကျင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ      ပိုမိုကြိုးစားလေ့ကျင့်ရမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိကိုင်တွယ်မောင်းနှင်မည့် လေယာဉ်၊ ရဟတ်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ပေးအပ်လာသည့် စစ်ဆင် ရေးတာဝန်များကို အောင်မြင်အောင်  ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကျွမ်းကျင်မှုအရည် အသွေးကို အမြဲထိန်းသိမ်းနိုင်ရန်   လေ့ကျင့်နေရ မည်ဖြစ်သကဲ့သို့   ကျန်းမာကြံ့ခိုင်မှုရှိအောင်လည်း အမြဲထိန်းသိမ်းလေ့ကျင့်နေရန်     ပြောကြားလို ကြောင်း။ 


တပ်မတော်(လေ)အနေဖြင့် လေကြောင်းစစ်ဆင် မှုပြုလုပ်ခြင်းများ၊  မြေပြင်၊  ရေပြင်တပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်မှုများ၊ လေကြောင်း ထောက်ပံ့မှုများ၊ ရဲဝံ့စွန့်စားစွာ   တိုက်ပွဲဝင်ခဲ့မှုများ ကြောင့် အောင်မြင်မှုများစွာရရှိခဲ့သည်ကို   တွေ့ရ မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး တပ်မတော်(လေ)အနေဖြင့် နိုင်ငံတကာနှင့်  ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက်       ယခုထက်ပိုပြီး ကြိုးစားအားထုတ်သွားရန်မှာကြားလိုကြောင်း။


အနာဂတ်ကာလတွင် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံ တပ်မတော်များကို ရင်ပေါင်တန်းနိုင်သည့်  အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော   ခေတ်မီ မျိုးချစ်တပ်မတော်ဖြစ်အောင်    အရှိန်အဟုန်ဖြင့် ဆက်လက်တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို   ကာကွယ်စောင့်ရှောက် ရန်အတွက်    တပ်မတော်သည် အဓိကကျကြောင်း၊ နိုင်ငံကိုဖြိုခွဲချင်သူများအနေဖြင့် အတိတ်၊   ပစ္စုပ္ပန် တို့တွင် တပ်မတော်ပြိုကွဲအောင်  ကြိုးစားခဲ့၊ ကြိုးစား နေကြဆဲဖြစ်ကြောင်း။  


တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်    တပ်ပြင် စည်းရုံးရေးတို့ကို    အမြဲတည်ဆောက်နေရမည် ဖြစ်သည့်အပြင် (ကြည်း/ရေ/လေ) တပ်မတော်သား အားလုံးတို့အနေဖြင့် သတိတမံ၊ ဉာဏ်မြေကတုတ် ဖြင့် အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေးသတိရှိပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရန် လိုအပ်ကြောင်း၊ တပ်မတော်၏  ကောင်းမြတ်သည့်   အစဉ်အလာ ကောင်းများကို   သားစဉ်မြေးမြစ်     မျိုးဆက်သစ် များက အသက်နှင့်ထပ်တူ      ထိန်းသိမ်းစောင့်ရှောက် ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်စေရန်    အားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်    တိုက်တွန်းလို ကြောင်းဖြင့် ပြောကြားသည်။


တပ်တော်ဝင်အဖြစ် ကြေညာ


ယင်းနောက် လေကြောင်းအတတ်သင်လေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူး   ဗိုလ်ချုပ် စိုးအောင်က လေယာဉ်များအား တပ်တော်ဝင်အဖြစ်   ကြေညာ သည်။ 


အမှတ်တရလက်ဆောင်ပေးအပ်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်၊ ရဟတ်ယာဉ်များ     တပ်တော်ဝင်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


“8” ပုံသဏ္ဌာန်ပျံသန်း အလေးပြု


ယင်းနောက်   လေယာဉ်၊    ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုး သရုပ်ပြပျံသန်းခြင်းများပြသကြရာ ဦးစွာ အချိန်ကိုက် ပျံသန်းအလေးပြုခြင်း အစီအစဉ်အရ    သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ်တစ်စင်းက   နိုင်ငံတော် အလံချိတ်ဆွဲပြီး   တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးစင်း က တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများ အသီးသီး ချိတ်ဆွဲလျက်   (Composite Trail   Formation) အတန်းလိုက်အုပ်ဖွဲ့ပုံသဏ္ဌာန်     အုပ်ဖွဲ့ပျံသန်းခြင်း၊ တပ်မတော်(လေ)မှ သုတေသနပြုထုတ်လုပ်ထား သော MTX-1A အမောင်းသင်လေယာဉ်တစ်စင်းနှင့် အပေါ့စားရဟတ်ယာဉ်နှစ်စင်းတို့က (Composite  Arrow Head  Formation)    မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ပျံသန်းပြီးနောက် အမောင်းသင်လေယာဉ်မှာ အုပ်ဖွဲ့မှခွဲထွက်၍ (Chandelle Maneuver)  ခေါ် လေသူရဲက  တိကျပိုင်နိုင်စွာ ထိန်းချုပ်မောင်းနှင်ပြီး အနည်းဆုံး   အကွာအဝေးအတွင်း   လားရာ၏ ဆန့်ကျင်ဘက် ၁၈၀ ဒီဂရီသို့ကွေ့၍ ပျံတက်ခြင်းနှင့် (Lazy Eight Maneuver) အင်္ဂလိပ်အက္ခရာ “8” ပုံသဏ္ဌာန်ပျံသန်း အလေးပြုသည်။ 


ဆက်လက်၍  Grob-120 TP   အမောင်းသင် လေယာဉ်ငါးစင်းတို့က Arrow Head Formation ဖြင့် အုပ်ဖွဲ့ပျံသန်းပြီးနောက် ရှုရပ်ရှေ့ဧည့်သည်တော် များ၏ မျက်နှာချင်းဆိုင်မှ  Landing   Light  များ ဖွင့်ကာ အုပ်ဖွဲ့ပျံသန်းခြင်း၊ ATR-72 သယ်ယူပို့ဆောင် ရေးလေယာဉ်တစ်စင်းနှင့်  Beech-1900D သယ်ယူ ပို့ဆောင်ရေးလေယာဉ်နှစ်စင်းတို့က (Composite Arrow Formation) မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ပျံသန်း ခြင်းတို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုကြသည်။


အသင့်ဖြစ်နေမှုကို ပျံသန်းသရုပ်ပြ


ယင်းနောက် လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်  ငါးစင်းတို့က နိုင်ငံတော်အလံကိုယ်စားပြုသည့် အဝါ ရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးများ ထုတ်လွှတ် ၍ (Arrow Head Formation) မြားဦးပုံသဏ္ဌာန် ပျံသန်းပြီးနောက် ၎င်းတိုက်လေယာဉ် ငါးစင်းတို့က ရှုရပ်သို့  ဦးတည်ပျံသန်းပြီး     လေယာဉ်သုံးစင်းက Upward Bomb Bust နှင့်  လေယာဉ်နှစ်စင်းက Cross Over   ပြုလုပ်စွမ်းရည်ပြသခြင်း၊    တိုက် လေယာဉ်သုံးစင်းတို့က (Arrow Head Formation) မြားဦးပုံသဏ္ဌာန်အုပ်ဖွဲ့ ပျံသန်းပြီးနောက် (Forma-tion Loop Maneuver) အုပ်ဖွဲ့ပျံသန်းအလေးပြု ခြင်း၊ ဘက်စုံသုံး တိုက်လေယာဉ်ခြောက်စင်းတို့က Wedge Formation ဖြင့် အုပ်ဖွဲ့ပျံသန်းပြီးနောက် ရှုရပ်သို့နောက်တစ်ကြိမ်       ဦးတည်ပျံသန်းပြီး တိုက်လေယာဉ်လေးစင်းမှ အမြင့်သို့ ရုတ်တရက် ဆွဲတင်ခြင်း(Pull Up) ပြုလုပ်၍  အုပ်ဖွဲ့မှ ခွဲထွက် သွားပြီး   ကျန်နှစ်စင်းမှ    တိုက်လေယာဉ်များ၏ အခြေခံလှုပ်ရှား စစ်ကစားမှုပုံစံများဖြစ်သည့် (Basic Fighter Maneuver) ရှေ့မှ  ပျံသန်းထွက်ပြေးရန် ကြိုးစားနေသော ရန်သူ့တိုက်လေယာဉ်အား မိမိ တိုက်လေယာဉ်မှ   ကြားဖြတ်ဟန့်တား   တိုက်ခိုက် ချေမှုန်းနိုင်ရန်အတွက် လက်နက်ပစ်လွှတ်တိုက်ခိုက် မှု အကောင်းဆုံးအနေအထားရောက်ရှိအောင် နေရာ ယူလိုက်ပါပျံသန်းခြင်း၊      ရန်သူ့တိုက်လေယာဉ်မှ လည်း  ကြားဖြတ်ဟန့်တားတိုက်ခိုက်မှုမှ   လွတ် မြောက်နိုင်ရန်အတွက် (Derry Turn) ရုတ်တရက် ဆန့်ကျင်ဘက်အရပ်မျက်နှာသို့ကွေ့၍ ရှောင်တိမ်း ပျံသန်းခြင်း၊ မိမိတိုက်လေယာဉ်မှ ဝေဟင်-ဝေဟင် ကြားဖြတ်တိုက်ခိုက်မှု စစ်နည်းဗျူဟာတစ်ခုဖြစ်သော (Barrel Roll Attack) ပြောင်းရစ်ပုံသဏ္ဌာန်ဖြင့် ရန်သူ့တိုက်လေယာဉ်နောက်သို့ အမြန်ဆုံးချဉ်းကပ် ဝင်ရောက်ပျံသန်းပြီးနောက် လက်နက်ပစ်လွှတ်ရန် ချိန်ရွယ်ပျံသန်းခြင်း၊ မိမိတိုက်လေယာဉ်မှ   ရန်သူ့ တိုက်လေယာဉ်အား HUD တွင် တိကျစွာချိန်ရွယ် ထားရှိပြီး တိုက်ခိုက်ချေမှုန်းရန် အသင့်ဖြစ်နေမှုကို ပျံသန်းသရုပ်ပြခြင်း၊ ကြားဖြတ်ဟန့်တား တိုက်ခိုက် ခံရသော ရန်သူတိုက်လေယာဉ်မှ   ဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် မီးကျည် (Flare)များ ပစ်လွှတ်ရှောင်တိမ်း   သရုပ်ပြပျံသန်း ခြင်း၊  ဘက်စုံသုံးတိုက်လေယာဉ်တစ်စင်းက   Box Formation ဖြင့် ဧည့်သည်တော်များရှေ့ ကောင်းကင် ယံတွင် Formation Brea (Deploy Flare)  များ ပစ်လွှတ်၍ ဂုဏ်ပြုသရုပ်ပြပျံသန်းခြင်းများ ဆောင် ရွက်၍ လေယာဉ်မောင်းစွမ်းရည်များအား ပြသကြ သည်။


 စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်


ဆက်လက်၍   ဇီဝိတဒါနငှက်လွှတ်ခြင်း ဆောင် ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်        အဖွဲ့ဝင် များက ငှက်အကောင်ရေ ၇၄ ကောင်တို့အား ဘေးမဲ့ လွှတ်ပေးကြပြီးနောက်   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ် များအား အမွှေးနံ့သာရည်များ   ပက်ဖျန်းပေးကြ သည်။ ထို့နောက်  တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲ များအား   ဂုဏ်ပြုနှုတ်ဆက်စကား  ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


များစွာအကျိုးရှိမည်


ယနေ့ကျင်းပပြုလုပ်သည့် လေယာဉ်၊ ရဟတ် ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပါဝင် သည့် Yak – 130 လေယာဉ်နှင့် K-8   လေယာဉ်တို့ သည် အမောင်းသင်ဂျက်တိုက်လေယာဉ်နှင့် အပေါ့စား တိုက်ခိုက်ရေးလေယာဉ်    အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင် ခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ် တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင် ကင်းထောက် ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ ATR – 72600  လေယာဉ် သည်   အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် အမျိုးအစားဖြစ်ပြီး     အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊ ခရီးသည်သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများ သယ်ပို့ခြင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊   Y- 12 လေယာဉ်သည် လူနှင့်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း၊ လေထီးခုန် ခြင်း၊ ပင်လယ်ပြင်ကင်းထောက်ခြင်း၊     ရှာဖွေ ကယ်ဆယ်ခြင်းတာဝန်များကို    ထမ်းဆောင်နိုင် ကြောင်း၊  Eurocopter ရဟတ်ယာဉ်သည် အလတ် စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်အမျိုးအစား ဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ယူပို့ဆောင်ရေး၊ ခရီးသည် သယ်ဆောင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက် ခြင်း စသည့်တာဝန်များကို    ထမ်းဆောင်နိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့  တပ်မတော်(လေ)၏ (၇၄)နှစ် မြောက်       နှစ်ပတ်လည်နေ့အခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခဲ့ခြင်း သည် နိုင်ငံတော်နှင့်တပ်မတော်အတွက်   များစွာ အကျိုးရှိမည်ဖြစ်ကြောင်း သိရှိရသည်။ 


သတင်းစဉ်