ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်

 

နေပြည်တော်  ဇန်နဝါရီ   ၇


ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို     အထောက်အကူဖြစ်စေရန် အတွက်  ယနေ့တွင်    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်   အဖွဲ့ဝင် များက   ရှမ်းပြည်နယ်(အရှေ့ပိုင်း)  မိုင်းတုံမြို့နယ် ဟောင်လိတ်ကျေးရွာရှိ ကြက်သွန်ဖြူစိုက်ခင်းနှင့် ဟွေအောရော်ဘာစက်ရုံသို့ လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး      ဗိုလ်ချုပ် အောင်အောင်နှင့်   အဖွဲ့ဝင်များသည်   ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ နယ်မြေခံတပ်ရင်းရှိ စိုက်ပျိုး ရေး၊  မွေးမြူရေးလုပ်ငန်းများကို    လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်    တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ    ရာနှုန်း ပြည့်   ဆောင်ရွက်နိုင်ရေးနှင့်     လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                        

 သတင်းစဉ်