နေပြည်တော် မေ ၂၈
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် မေ ၂၇ ရက် ညနေပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်ရှိ စံပြ ဘက်စုံစိုက်ပျိုး၊ မွေးမြူရေးခြံ၌ အသားတိုးကြက် မွေးမြူရေး၊ ဥစားကြက်မွေးမြူရေး၊ နို့စားနွားမွေးမြူ ရေး၊ DYL ဝက်မွေးမြူရေးနှင့် နေရောင်ပြအင်း ငါးမွေးမြူရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



