ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်


 

နေပြည်တော် နိုဝင်ဘာ  ၁၅
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ စားသောက်ရေး ကို   အထောက်အကူဖြစ်စေရန် အတွက်   နိုဝင်ဘာ ၁၄ ရက်နှင့် ယနေ့တို့တွင်      ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်  လှမိုးနှင့်   အဖွဲ့ဝင်များသည်         တိုင်းစစ် ဌာနချုပ်နှင့်      မတ်ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့တို့၏     စိုက်ပျိုး မွေးမြူရေး        လုပ်ငန်းများကို လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်  အဖွဲ့ဝင်များသည် သင်္ကန်းညီနောင်     တပ်နယ်ရှိ နယ်မြေခံတပ်ရင်းများ၏ စိုက်ပျိုး မွေးမြူရေး    လုပ်ငန်းများကို လည်းကောင်း        သွားရောက် ကြည့်ရှု၍   တာဝန်ရှိသူများနှင့် တွေ့ဆုံကာ     ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်း၊  အရှေ့ အလယ်ပိုင်းတိုင်း    စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များသည်     နိုဝင်ဘာ ၁၄ ရက်တွင်         လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်          ဆိုင်းမွန် (ပလောင်)ကျေးရွာသို့ သွားရောက် ၍   ဒေသခံတိုင်းရင်းသား  ပြည်သူ များ၏      နေအိမ်များ၊  ပလောင် ရိုးရာအထည်       ရက်လုပ်သည့် ရက်ကန်းစင်တို့ကို        ကြည့်ရှု အားပေးပြီး  အဘိုး၊  အဘွားများ အား  ထောက်ပံ့ငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ      ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်