နေပြည်တော် ဇန်နဝါရီ ၁၁
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင် ရွက်နေချိန်တွင် ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ် ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် အနောက် တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင် များသည် ပုသိမ်မြို့ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ၌ ခရမ်း စိုက်ပျိုးထားရှိမှု၊ တိုင်ထောင်ပဲ စိုက်ပျိုးထားရှိမှု၊ မြေအစားထိုး ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရှိမှု၊ ဥစားကြက် မွေးမြူထားရှိမှု၊ DYL ဝက်မွေးမြူ ထားရှိမှုနှင့် ဥစားဘဲ မွေးမြူထားရှိ မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင် ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်



