ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများအတွက် အထည်ပန်းပုံရိုက်နှင့် ဆေးရေးပညာသင်တန်းဆင်း

 

မြစ်ကြီးနား   သြဂုတ်    ၁၈


တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းတို့ပူးပေါင်း၍      ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများအတွက် အသက်မွေးဝမ်းကျောင်း နည်းပညာများ   သင်ယူနိုင်ခွင့်ရရှိရေး       ဖွင့်လှစ် သင်ကြားပေးခဲ့သော အထည်ပန်းပုံရိုက်နှင့် ဆေးရေး ပညာသင်တန်းဆင်းပွဲအခမ်းအနားကို    သြဂုတ် ၁၇ ရက်က   ပြည်နယ်အသေးစား  စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင်    ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံတိုင်းရင်းသားလူငယ်များ အား ယခုလို သက်မွေးနည်းပညာများကို သင်ကြား ပေးခြင်းသည် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်း သားများအတွက် ဥပဒေနှင့်ညီညွတ်သော   အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်သည်သာမက တန်းတူညီမျှသော         အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး    တိုင်းရင်းသားတို့၏ ဘဝရည်မှန်းချက်များကို ပြည့်မီအောင် ပြုစုပျိုးထောင် ပေးခြင်းလည်းဖြစ်ကြောင်း၊ သို့ဖြစ်၍  မျိုးဆက် သစ်လူငယ်များအနေဖြင့်  မျိုးချစ်စိတ်ဓာတ်ပြည့်ဝ သော လူငယ်များဖြစ်အောင်၊     ဒေသအကျိုးပြု၊ ပြည်နယ်အကျိုးပြုနိုင်သော    နိုင်ငံ့သားကောင်း လူငယ်များ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

 


ယင်းနောက် ပြည်နယ်တိုင်းရင်းသားအခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးတင်မောင်လွင်က ဒေသခံတိုင်းရင်းသား လူငယ်များအား နည်းပညာသင်တန်းများ သင်ယူခွင့် ရရှိရေး  ဆက်လက်ကြိုးပမ်းဆောင်ရွက်မည့်   အစီ အစဉ်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်း က ဦးစီးဌာနမှ သက်မွေးနည်းပညာများကို ဖြန့်ဝေဆောင်ရွက်ပေးနေမှုများနှင့်  လုပ်ငန်းဆောင်ရွက် ချက် များကိုလည်းကောင်း၊ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်း ကျောင်းအုပ်ဆရာမ ဒေါ်ယဉ်ယဉ်မြင့် က သင်တန်းဖွင့်လှစ်သင်ကြားမှုများကို   လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် ဩဂုတ် ၁  ရက်မှ   ၁၆   ရက်အထိ နှစ်ပတ်ကြာ       သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူ ၂၀ တို့အား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က  သင်တန်းဆင်းလက်မှတ်များနှင့် ဆေးရေးနှင့် ပန်းပုံ ရိုက်အထည်ချောများကို ပေးအပ်ခဲ့ကြရာ တိုင်းရင်း သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့်  သင်တန်း သားများ၏ လက်တွေ့ဆောင်ရွက်ထားသည့် အထည် ပန်းပုံရိုက်နှင့် ဆေးရေးအဝတ်အထည်များ  ခင်းကျင်း ပြသထားရှိမှုများကို    လှည့်လည်ကြည့်ရှုအားပေး သည်။                                

ပြည်နယ်(ပြန်/ဆက်)