ဒေသခံတိုင်းရင်းသား ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး ပြည်သူလူထုနှင့် ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်

 

တာချီလိတ်    ဒီဇင်ဘာ   ၂၆


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင်  မိုင်းဆတ် မြို့သို့ ရောက်ရှိပြီး  ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်ဦးစီးမှူး၊  ခရိုင် ဦးစီးအရာရှိနှင့်    ဝန်ထမ်းများ၊ မိုင်းတုံမြို့နယ်   မိုင်းခုတ်မြို့၊  ပုံပါ ကျင်မြို့နှင့်မုံးထမြို့တို့မှ ဦးစီးမှူး များအား တွေ့ဆုံသည်။   မွန်းလွဲ ပိုင်းတွင်  မိုင်းဆတ်မြို့ ထပ်ဆင့် လွှင့်စက်ရုံကို    ကြည့်ရှုစစ်ဆေး ပြီး    ဝန်ထမ်းများနှင့်      တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ   မှာကြားသည်။

 


ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၂၆ ရက်   နံနက်ပိုင်းတွင်  တာချီ လိတ်ခရိုင်       ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနရုံး ၌    ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်ဦးစီးမှူး၊     ခရိုင် လက်ထောက်  ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊  မိုင်းယုမြို့နှင့် ကျိုင်းလပ်မြို့တို့မှ   ဦးစီးမှူးများ အား   တွေ့ဆုံ၍    တာချီလိတ်မြို့ ထပ်ဆင့်လွှင့်စက်ရုံကို     ကြည့်ရှု စစ်ဆေးပြီး     ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


ဒုတိယဝန်ကြီးက   ဝန်ထမ်း များနှင့်   တွေ့ဆုံစဉ်  ဝန်ထမ်းများ အနေဖြင့်    တိုင်းရင်းသားဒေသ များတွင် တာဝန်ထမ်းဆောင်နေ ကြသူများဖြစ်၍ ဒေသခံတိုင်းရင်း သား ဓလေ့ထုံးစံများကို လေးစား လိုက်နာပြီး    ပြည်သူလူထုနှင့် ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင် ရွက်ကြရန်၊   လက်ရှိဖြစ်ပေါ်နေ သော    ဆူပူအကြမ်းဖက်မှုများ ပပျောက်ရေးနှင့်     နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊   ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်း သား ပြည်သူအားလုံးက ပူးပေါင်း ပါဝင်ကြရေး  စည်းရုံးဆောင်ရွက် ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှု ထိန်းချုပ် ကာကွယ်ရေးကိုအရှိန် အဟုန်မပျက် ဆက်လက်ဆောင် ရွက်ကြရန်၊  နိုင်ငံတော်က အားကိုး ရသည့်  ဗလငါးတန်နှင့် ပြည့်စုံပြီး   အတတ်ပညာ၊  အသိပညာပြည့်ဝ သော လူငယ်လူရွယ်များ ဖြစ်လာ စေရေး   လူငယ်ပြုစုပျိုးထောင် ခြင်းလုပ်ငန်းများကို  ဦးစားပေး   ဆောင်ရွက်ကြရန်      ဆွေးနွေး မှာကြားခဲ့သည်။  

 

သတင်းစဉ်