ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇွန်  ၁၇


သရုပ်ပြ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောများ  တည်ထောင် ခြင်း     စီမံကိန်း(FD-MKCF) နှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုး ခြင်း     နည်းစနစ်ဖွံ့ဖြိုးစေခြင်း စီမံကိန်း(FD-MLC)များဆိုင်ရာ        စီမံကိန်းလုပ်ငန်း     ကြီးကြပ်ရေး ကော်မတီ      အစည်းအဝေးကို  ယနေ့နံနက်    ၁၀   နာရီတွင် သစ်တောဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်ရုံး   အင်ကြင်းခန်းမ၌ ကျင်းပသည်။ 

 


အစည်းအဝေးတွင် သစ်တော ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က သစ်တောဦးစီး ဌာနအနေဖြင့် ပြည်ပအဖွဲ့အစည်း များမှ ပံ့ပိုးသည့် ရန်ပုံငွေများဖြင့် ၂၀၂၂-၂၃      ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်း ၂၂ ခုရှိပြီး သစ်တောဦးစီး ဌာနမှ    ရန်ပုံငွေတိုက်ရိုက်သုံးစွဲ သည့်   စီမံကိန်းများမှာ   ယနေ့ အစည်းအဝေး    ကျင်းပသည့် စီမံကိန်းနှစ်ခုအပါအဝင်    ၁၁  ခု ရှိပြီး       သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သုတေသီများက သက်ဆိုင်ရာ   တိုင်းဒေသကြီး၊ ပြည်နယ် သစ်တောဦးစီးဌာန များနှင့်       လက်တွေ့ပူးပေါင်း အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိကြောင်း။

 


ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း       ဖွံ့ဖြိုး တိုးတက်စေရေး    လက်ရှိ  နိုင်ငံ တကာ         ပူးပေါင်းဆောင်ရွက်မှု အနေဖြင့်   မဲခေါင်  -  ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု   ရန်ပုံငွေ အထောက်အပံ့ဖြင့်        သရုပ်ပြ ဒေသခံပြည်သူ       အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခြင်း စီမံကိန်း(FD-MKCF)ကို ရှမ်းပြည် နယ်နှင့် နေပြည်တော်တွင်လည်း ကောင်း၊   မဲခေါင်  -  လန်ချန်း အထူးရန်ပုံငွေ၏       ပူးပေါင်း ဆောင်ရွက်မှုဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း  နည်းစနစ် ဖွံ့ဖြိုးစေခြင်းစီမံကိန်း(FD-MLC) ကို   နေပြည်တော်၊  ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်းကောင်း  အကောင် အထည်ဖော်    ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

 


အစည်းအဝေးသို့    သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်(စီမံခန့်ခွဲရေး)၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်   သစ်တောဦးစီး ဌာနတို့မှ       တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး     စီမံကိန်း လုပ်ငန်းများ    ဆောင်ရွက်လျက် ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများက Online စနစ်ဖြင့်       တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သတင်းစဉ်