ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးနှင့် နွေစပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

 

ပဲခူး ဒီဇင်ဘာ ၃၀


ပဲခူးတိုင်းဒေသကြီးအတွင်း    ဆီ ဖူလုံမှုရှိစေရေးအတွက်  ဆီထွက် သီးနှံ   တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာကို  သီးညှပ်စိုက်ပျိုးသွား ရန် စီမံချက်ချ  ဆောင်ရွက်လျက် ရှိရာ  ဖြစ်ထွန်းအောင်မြင်မှုရှိစေရန် အတွက် တာဝန်ရှိသူ အဆင့်ဆင့် က     မြေပြင်ကွင်းဆင်းစစ်ဆေး သွားရန်       လိုအပ်ကြောင်းနှင့်  နွေစပါးစိုက်ပျိုးရာတွင် အထွက် နှုန်းနှင့် စိုက်ဧက တိုးတက်စေရေး အတွက်လည်း စည်းရုံးဆောင်ရွက် ကြရန်  တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းက ပြောကြား သည်။

 


ပဲခူးတိုင်းဒေသကြီး   အစိုးရ အဖွဲ့ရုံး  တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌       ယမန်နေ့က ပြုလုပ်သည့်   ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။  စိုက်ပျိုး ရေ     အခက်အခဲရှိပါက    ခရိုင် အလိုက်  Mobile Solar Pump စက်များ  ထောက်ပံ့ပေးထားပြီး ဖြစ်၍    အကျိုးရှိရှိ   သုံးစွဲကြရန် လိုအပ်ကြောင်းနှင့်   သဘာဝ ဓာတ်မြေဩဇာအဖြစ်     သစ်စိမ်း မြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် တောင် သူလယ်သမားများအား    အသိ ပညာပေး      ဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း တိုင်းဒေသ ကြီးဝန်ကြီးချုပ်က   ပြောသည်။ 

 


ထို့နောက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊   စိုက်ပျိုးရေး၊   မွေးမြူရေး၊ အခွန်လေးမျိုး ကောက်ခံရရှိမှုနှင့် ကျေးလက်ဒေသ     ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်    ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍   ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း ပြန်လည်     အဆင့်မြှင့်တင်ခြင်း လုပ်ငန်း   ဆောင်ရွက်ကြရန်၊ မြို့ဝင်/ထွက်သန့်ရှင်းသာယာလှပ စေရေး ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉   ကာကွယ်ဆေးကို   ဦးတည် အုပ်စုများ   ရာနှုန်းပြည့်ထိုးနှံနိုင် ရေး   အမြန်ဆုံးဆောင်ရွက်ရန်၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ငွေများ       လျာထားချက်ပြည့်မီ အောင် ကောက်ခံသွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်သွားရန်နှင့်  ပန်းခင်း စီမံချက်ကို    သတ်မှတ်ကာလ မတိုင်မီ       အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။      

တင်စိုး(ပဲခူး)