
Google ၏ အင်တာနက်မြေပုံ ဝန်ဆောင်မှု အက်ပလီကေးရှင်း ဖြစ်သည့် Google Maps ကို ဒေါင်းလုပ်ဆွဲရယူသူ အရေအတွက် သည် နိုဝင်ဘာ ၄ ရက်တွင် ၁၀ ဘီလီယံကျော်(သန်းပေါင်း ၁၀၀၀၀ ကျော်)အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၀ ဘီလီယံကျော် အရေအတွက်သည် Playstore တစ်ခုတည်းတွင် ဒေါင်းလုပ်ဆွဲ ရယူသည့် အရေအတွက်ကိုသာ တွက်ချက်ထားခြင်း ဖြစ်ကာ အန်းဒရွိုက်ဖုန်းအချို့တွင် ဝယ်ယူ စဉ်ကပင် ထည့်သွင်းပေးထား သော Google Maps အက်ပလီ ကေးရှင်းများကိုပါ ထည့်တွက်ပါက ယခုထက် ပိုမိုများပြားမည်ဖြစ် ကြောင်း သိရသည်။
Google Maps သည် သာမန် အသုံးပြုသူများ အားလုံးအတွက် ရာနှုန်းပြည့် အခမဲ့သုံးနိုင်သော အွန်လိုင်းမြေပုံအက်ပလီကေးရှင်း ဖြစ်ပြီး တည်နေရာနှင့် လိပ်စာ များကို မြေပုံတွင် ရှာဖွေခြင်း၊ ဘတ်စ်ကားလိုင်းများ အပါအဝင် အများသုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် မှတ်တိုင် များ၊ ဂိတ်များကို ရှာဖွေခြင်း၊ သွား မည့်လမ်းကြောင်းကို ရှာဖွေခြင်း၊ အကွာအဝေးနှင့် ကြာချိန် တွက် ချက်ခြင်းများကို ပြုလုပ်နိုင်သည်။ ထို့ပြင် မိမိတို့၏ စီးပွားရေးလုပ်ငန်း များကိုလည်း မြေပုံတွင် ထည့် သွင်းဖော်ပြနိုင်ပြီး မြေပုံပေါ်တွင် လုပ်ငန်းများကို ကြော်ငြာလို လျှင်မူ ဝန်ဆောင်ခ လစဉ်ကြေး ပေးရမည်ဖြစ်သည်။
ပလေးစတိုးမှ ဒေါင်းလုပ်ရယူ မှုပေါင်း ၁၀ ဘီလီယံကျော်သည့် အက်ပလီကေးရှင်းများမှာ ယခင် က Google Play Services, Google Search နှင့် Youtube တို့သာရှိရာ ယခု Google Maps သည် စတုတ္ထမြောက် အက်ပလီ ကေးရှင်းဖြစ်လာသည်။ အခြား Google ဝန်ဆောင်မှုများဖြစ်သည့် Gmail, Google Drive နှင့် Google Chrome ဘရောက်ဇာများနှင့် မြန်မာနိုင်ငံတွင် အသုံးများသော အက်ပလီကေးရှင်းများ ဖြစ်သည့် ဖေ့စ်ဘွတ်နှင့် ဖေ့စ်ဘွတ်မက်ဆင် ဂျာ အက်ပလီကေးရှင်းများသည် ပလေးစတိုးဒေါင်းလုပ် ၅ ဘီလီယံ ကျော်စီ ရှိနေသည်။
ယခုနောက်ပိုင်းတွင် လူသုံး များလာသည့် အက်ပလီကေးရှင်း များဖြစ်သော တစ်တော့၊ တယ်လီ ဂရမ်နှင့် အင်စတာဂရမ်တို့မှာမူ ဒေါင်းလုပ်အရေအတွက် ၁ ဘီလီယံ ကျော်သာ ရှိနေသေးသည်။
ဂိမ်းများထဲတွင် နာမည်ကြီး ဂိမ်းများဖြစ်သော PUBG Mobile နှင့် Clash of Clans တို့က သန်း ၅၀၀ ကျော်စီရှိနေကြပြီး Mobile Legends ဂိမ်းက သန်း ၁၀၀ ကျော်သာ ရှိသည်။
ကျော်ဇင်ဦး