
နေပြည်တော် ဇူလိုင် ၂၈
ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၁/ ၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ညီလာခံခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနာယက ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆပ် ကော်မတီ ငါးခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ DEDC Task Force မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယနေ့ကမ္ဘာ တစ်ဝန်းတွင်ရှိသည့် နိုင်ငံအသီးသီး ၌ Digital Transformation ဟုခေါ်သည့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်း လုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အကျိုး ရှိရှိအသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံ အဆောက်အဦနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် ဒစ်ဂျစ်တယ်အသွင်ကို ဟန်ချက် ညီညီ ကူးပြောင်းဆောင်ရွက်ကြ ခြင်းအားဖြင့် နိုင်ငံ၏ Digital Economy ဖွံ့ဖြိုးတိုးတက်လာပြီး The Global Value Chain ဟုခေါ်သည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကို ချိတ်ဆက် လာနိုင်မည်ဖြစ်ပါကြောင်း၊ ဒစ်ဂျစ် တယ် စီးပွားရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံး မြန်နှုန်းမြင့် အင်တာနက်အနေဖြင့် နိုင်ငံ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်း ကို လွှမ်းခြုံနိုင်ပြီဖြစ်သော်လည်း Fixed Broad band တွင် သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာ ရှိနေသေး သည့်အတွက် မြန်နှုန်းမြင့်ဖိုင်ဘာ အင်တာနက်ကို မြို့ကြီးများသာ မက ကျေးလက်ဒေသအထိပါ လက်လှမ်းမီ အသုံးပြုသွားနိုင်ရန် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ လိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များ ရရှိစေရန် နှင့် အင်တာနက်ကို လူမှုကွန်ရက် နှင့် ဖျော်ဖြေရေးအဆင့်များ ထက်ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ များတွင် အကျိုးရှိစွာ သုံးစွဲနိုင်ရန် အရေးကြီးပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် အင်တာ နက်ကို အကျိုးရှိရှိအသုံးပြုပြီး မိမိတို့၏ ဝန်ဆောင်မှု၊ ထုတ်ကုန် များကို ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် ကြော်ငြာမှုပြုလုပ်၍ ဈေးကွက် ရှာဖွေခြင်းနှင့် ငွေပေးချေမှုတွင် လည်း လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဆိုပါက စီးပွား ရေးလုပ်ငန်းများ ပိုမိုအောင်မြင် လာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေး တိုးတက်လာစေမည် ဖြစ်ပါ ကြောင်း၊ e-Government အား ကျော်လွန်သွားပြီးနောက် Digital Government ကို ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ Digital Economy ၏ အဓိကကျသည့် မဏ္ဍိုင်တစ်ခု ဖြစ်ပြီး Digital Trade နှင့် e-Commerce ကို အောင်မြင်စွာ အကောင်အထည်ဖော် သွားနိုင်ရန် မလိုလားအပ်သည့် ဖြစ်ရပ်များကို တားဆီးနိုင်ရန်အတွက် ဥပဒေ၊ စည်းမျည်းများနှင့် ထိန်းကျောင်း ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် e-Commerce Law ကို ပြဋ္ဌာန်း သွားနိုင်ရေးအတွက် e-Comm- erce Law ရေးဆွဲရေးကော်မတီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ပထမမူကြမ်းကို ရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၁၂) ချက် နှင့်အညီ နိုင်ငံတကာနှင့် အာဆီယံ ဒေသတွင်း ပူးပေါင်းဆောင်ရွက် နေသည့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိ အောင် ရေးဆွဲပြီးဖြစ်သည့် Roadmap ကို ဖြည့်စွက်မွမ်းမံရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ယနေ့ အစည်းအဝေးသည် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီကို စတုတ္ထ အကြိမ်မြောက် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပသော အစည်းအဝေးဖြစ် သည်နှင့်အညီ ဆပ်ကော်မတီ အလိုက် ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ကော်မတီ၏လုပ်ငန်းရပ်များ ပိုမို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေး အခြားအကြံ ပြုလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက DEDC ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်း တာဝန်များကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက်(၁၂) ရပ်ပါ စီးပွားရေးဦးတည် ချက် (၄)ရပ်နှင့်အညီ ဖြစ်စေရေး လိုအပ်သလို ပြင်ဆင်ဖြည့်စွက် သွားရန်၊ ဆပ်ကော်မတီအဖွဲ့ဝင် များကို လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ပြင်ဆင်ဖြည့်စွက်ရန်၊ မြန်မာဒစ်ဂျစ်တယ် စီးပွားရေး လမ်းပြမြေပုံ (Myanmar Digital Economy Roadmap) ကို ခေတ်ကာလနှင့်အညီ ဖြစ်စေရေး၊ Action Plan များ/ Action Matrix များကို လက်တွေ့တွင် အမှန် တကယ် ထိရောက်စွာအကောင် အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ် များအဖြစ် ပြန်လည်ပြင်ဆင် ရေးဆွဲရန်နှင့် ယင်းလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ရေး DEDC Task Force ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကို မှာကြား ဆွေးနွေးသည်။
ယင်းနောက် ဒစ်ဂျစ်တယ်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ လက်အောက်ရှိ ဆပ်ကော်မတီ ငါးခုတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လက်ရှိအကောင် အထည်ဖော် ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင် ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးမှုများအပေါ် ဒစ်ဂျစ် တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အဖွဲ့ဝင်များ၊ ဆပ် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေး၍ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ချမှတ် ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်းက တက်ရောက်လာကြသည့် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အချင်း ချင်း ပူးပေါင်းဆောင်ရွက်ပြီး သတင်း အချက်အလက်များ ဖလှယ်ကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ သတင်းအချက်အလက် များ ချိတ်ဆက်/ ဖလှယ် အသုံးပြု ရေးအတွက် Standard Format စံသတ်မှတ်ချက်(Standardiza- tion) ကိုလည်း ထည့်သွင်းစဉ်းစား ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး သတိမြှင့်တင် ပညာပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်