စတုတ္ထအကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

 

နေပြည်တော်  အောက်တိုဘာ ၁၉


စတုတ္ထအကြိမ်မြောက်   မဲခေါင်-လန်ချန်း     ပူးပေါင်းဆောင်ရွက်မှု အောက်ရှိ       နယ်စပ်ဖြတ်ကျော် စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး  (4th    Joint    Working    Group Meeting    on     Cross-border Economic   Cooperation under Mekong-Lancang Cooperation- 4th JWG-CBEC)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  ယနေ့ နံနက်  ၁၁  နာရီခွဲတွင်   Virtual   စနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ရုံးအမှတ် (၃)၌ လက်ခံကျင်းပသည်။

 


အစည်းအဝေးတွင်  စီးပွားရေး နှင့်     ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊  ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဒေါက်တာ ထိန်လင်း က        အစည်းအဝေးဥက္ကဋ္ဌအဖြစ်        လည်းကောင်း၊     တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်   Mr. Yu Xiang   က အစည်းအဝေး  ပူးတွဲဥက္ကဋ္ဌအဖြစ် လည်းကောင်း   ဆောင်ရွက်ခဲ့ကြ သည်။ အစည်းအဝေး၌   မဲခေါင်-လန်ချန်း      နယ်စပ်ဖြတ်ကျော် စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဖြစ်ပေါ် တိုးတက်မှုများ၊ မဲခေါင်-လန်ချန်း နိုင်ငံများအကြား    စက်မှုလုပ်ငန်း များနှင့်       တန်ဖိုးချိတ်ဆက်ကူး ပြောင်းမှုဆိုင်ရာ      ကိစ္စရပ်များ၊ မဲခေါင်-လန်ချန်း နယ်စပ်ဖြတ် ကျော် စီးပွားရေး  ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ    (၅)   နှစ်စီမံကိန်း (မူကြမ်း)   အပေါ်      သဘောထား အမြင်များ ဖလှယ်ခဲ့ကြပြီး မဲခေါင်-လန်ချန်းဒေသ   နိုင်ငံများအကြား ဒေသန္တရ     အစိုးရများအနေဖြင့် ပူးပေါင်း   ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို      ဆွေးနွေးခဲ့ကြသည်။

 


အဆိုပါ         အစည်းအဝေးသို့ မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ    အဖွဲ့ဝင်နိုင်ငံများ စုံညီစွာ      တက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယား၊   တရုတ်၊   လာအို၊ ထိုင်းနှင့်    ဗီယက်နမ်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော်    စီးပွားရေး ပူးပေါင်း    ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့     ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦးနှင့် မြန်မာနိုင်ငံ ဘက်မှ  မဲခေါင်-လန်ချန်း နယ်စပ် ဖြတ်ကျော်   စီးပွားရေးပူးပေါင်းဆောင်ရွက်သည့်     ကဏ္ဍများနှင့် သက်ဆိုင်သည့် တာဝန်ခံ ဝန်ကြီး ဌာနများမှ   စုစုပေါင်းကိုယ်စား လှယ် ၃၀ တို့သည်   online   ဖြင့် တက်ရောက်ခဲ့ကြကြောင်း    သိရ သည်။        

သတင်းစဉ်