စပ်မျိုးနေကြာ မိဘလိုင်းပွားများမည့်စီမံကိန်းအတွက် မိဘလိုင်းမျိုးစေ့အရေအတွက်နှင့် မျိုးစေ့အရည်အသွေးများ ပြည့်ဝမှုရှိအောင် ဆောင်ရွက်ထားရန်လိုအပ်

 

နေပြည်တော်   မတ်   ၂၁


၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီတွင် အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်း၍ စပ်မျိုးနေကြာ မိဘလိုင်းပွားများမည့်     စီမံကိန်းအတွက် လိုအပ်သော     မိဘလိုင်းမျိုးစေ့အရေအတွက် နှင့်   မျိုးစေ့အရည်အသွေးများ     ပြည့်ဝမှု ရှိအောင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  နိုင်ကြည် ဝင်းက မတ် ၁၈ ရက်တွင် တပ်ကုန်းစိုက်ပျိုး ရေး     သုတေသနခြံသို့     သွားရောက်၍ ခြံတာဝန်ခံ၊   ဝန်ထမ်းများနှင့်  တွေ့ဆုံစဉ်   ယင်းကဲ့သို့ ပြောကြားခဲ့သည်။

 


ထို့အပြင်၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီတွင် စပ်မျိုးနေကြာ မိဘလိုင်းများ  ပွားများမည့် စိုက်ကွက်များအား   မြေယာပြုပြင်မှုများ ပြုလုပ်ထားရန်၊    ရိတ်သိမ်းပြီးနောက်ပိုင်း မျိုးစေ့အရည်အသွေးကို   ထိခိုက်ကျဆင်းမှု မရှိစေရန်အတွက် လိုအပ်သော မျိုးစေ့လှန်း တလင်း၊ မျိုးစေ့သန့်စင်စက်၊ မျိုးစေ့ဂိုဒေါင်၊ အအေးခန်း    စသည်တို့ကို   သေချာစီမံ ဆောင်ရွက်ထားရန်နှင့် ရိတ်သိမ်းချိန်လွန် ကာလတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်၊ ဖြန့်ဖြူးမည့်မျိုးစေ့ များအား စီမံချက်အတိုင်း ဖြန့်ဖြူးပေးနိုင် အောင်  ဆောင်ရွက်ရန်၊  မျိုးစေ့ဓာတ်ခွဲခန်း အား အသုံးပြု၍ မျိုးစေ့အရည်အသွေးအား ပုံမှန်စစ်ဆေးရန်၊    မျိုးစေ့များ   ဖြန့်ဖြူးရာတွင် မျိုးသန့်နှင့် မျိုးမှန်ရန် အဓိကထားဆောင်ရွက် ရန်တို့အား မှာကြားသည်။

 


ထို့နောက်   မျိုးစေ့ဂိုဒေါင်များ၊  မျိုးစေ့ ဓာတ်ခွဲခန်းများ၊ မျိုးစေ့သိုလှောင်အအေးခန်း များ၊ မျိုးစေ့လှန်းတလင်းများ၊ မျိုးစေ့သန့်စင် စက်များအား  လိုက်လံကြည့်ရှုစစ်ဆေးပြီး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် အတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ ဖြန့်ဖြူးပေး မည့်  စပ်မျိုးနေကြာအမလိုင်း(A)နှင့် အဖို လိုင်း(R)မျိုးစေ့များ ထုပ်ပိုးထားမှု၊  စပ်မျိုး နေကြာမိဘလိုင်းများ စိုက်ပျိုးမည့် စိုက်ကွက် များနှင့်  လက်ရှိစိုက်ပျိုးထားသော စပ်မျိုး နေကြာအမလိုင်း (A)ပွားများသည့် စိုက်ခင်း အား ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းစိုက်ပျိုး ရေး   သုတေသနခြံ၏    လိုအပ်ချက်များကို ဆွေးနွေးမှာကြားပေးခဲ့ကြောင်း သိရသည်။ 


သိင်္ခ