စပိန်နိုင်ငံ Caceres မြို့၌ အမြင့် ၄၇ မီတာရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အပါအဝင် စေတီပုထိုးများ တည်ဆောက်သွားမည်

 

နေပြည်တော်  ဩဂုတ်  ၃၀


စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation ၏ ဥက္ကဋ္ဌ Mr. Jose Maunel Vilanova Aleman ဦးဆောင်သောအဖွဲ့သည် ဗုဒ္ဓဘာသာအခြေခံသော အာရှ- ဥရောပ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်၍ စပိန်နိုင်ငံတွင် ဆောင်ရွက်မည့် The Great Maha Karuna  စီမံကိန်းနှင့်   စပ်လျဉ်းပြီး ဟိုတယ်နှင့်           ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ   ဌေးအောင်ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌  လာရောက်တွေ့ဆုံ သည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင်  Lumbini   Garden Foundation၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Jose Maunel Vilanova Aleman က  စီမံကိန်းတွင်  စပိန်နိုင်ငံ Caceres မြို့၌ အမြင့် ၄၇ မီတာရှိ  ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်   အပါအဝင်  နီပေါ၊   သီရိလင်္ကာ၊ မြန်မာ၊ ဘူတန်၊ ထိုင်းစသည့် ဗုဒ္ဓဘာသာနိုင်ငံများရှိ အထင်ကရ   စေတီပုထိုးများ၊    ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့်   အသုံးအဆောင်များကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက်  မြန်မာနိုင်ငံသည်  အရေးပါသော အခန်းကဏ္ဍက   ပါဝင်နေသည့်အတွက်  ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း          ပြောကြား သည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခြင်း ဖြင့် တိုင်းပြည်၏ အခြေအနေများကို သိမြင်ခွင့်ရရှိ မည်ဖြစ်ရာ ယခုခရီးစဉ်၏  အတွေ့အကြုံကောင်းများ အား   စပိန်နိုင်ငံသို့   ပြန်လည်ရောက်ရှိသည့်အခါ တစ်ဆင့်စကား    တစ်ဆင့်နားဆိုသည့်    ခရီးသွား မြှင့်တင်ရေးဆောင်ပုဒ်အတိုင်း  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊  မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ချစ်ကြည်ရေးခိုင်မြဲ တိုးတက်ရေးတို့ အတွက်   ဆက်လက်ပူးပေါင်း  ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း   ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။                                   
   

  သတင်းစဉ်