စပျစ်စိုက်ပျိုးခြင်းဖြင့် တောင်သူစီးပွား၊ ဒေသစီးပွားတိုးပွားစေမည်

 

တစ်ကြိမ်စိုက်ပျိုးပြီး စနစ်တကျ ပြုစုကာ နှစ်စဉ်ဝင်ငွေရရှိနိုင်သည့်အတွက် စပျစ်စိုက်ပျိုးခြင်းကို တောင်သူအများ စိတ်ဝင်စားလာကြသည်။ စပျစ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေရရှိသကဲ့သို့ ခြံလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကိုလည်း ဖော်ဆောင်ပေးနိုင်သည်။ နိုင်ငံအတွင်း စပျစ် စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်းသာမက တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သော   စပျစ်ဝိုင်အဖြစ်ပါ ရည်မှန်းထုတ်လုပ်လာကြသည်။
စပျစ်စိုက်ပျိုးခြင်းသည်   စိုက်ပျိုးတောင်သူ ဝင်ငွေတိုးတက်ရရှိနိုင်သည့်     စိုက်ပျိုးသီးနှံတစ်ခု ဖြစ်သည့်အတွက် ကျောက်ပန်းတောင်း၊   မိတ္ထီလာ၊ မန္တလေး၊  စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊  ရေနံချောင်း၊ ရမည်းသင်း၊   ပျော်ဘွယ်   စသည့်   မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်  စိုက်ပျိုးမှု များပြားလာ သည်။    ယခုအခါ     မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်  ရွာတန်းဒေသ၌  စပျစ်စိုက်ဧက  ၄၀၀၀ ကျော်   စိုက်ပျိုးထားကြောင်း    ဒေသခံ တောင်သူများထံမှ သိရသည်။
ထိုသို့ ဒေသတောင်သူများ အကျိုးများစေသော စပျစ်စိုက်ပျိုးခြင်းသည်     ဒေသစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုလျက်ရှိသည့်အပြင်  ကျေးလက် ဒေသများဖွံ့ဖြိုးရေး၊    ဒေသအလိုက်        အဓိက  ထုတ်ကုန်များကို  အခြေခံသော   ကုန်ထုတ်လုပ်မှုများ ကို အားပေးဆောင်ရွက်ရေးနှင့်     အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး    (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် က ဖော်ဆောင်နေသည့်   ဒေသတစ်ခု   ထုတ်ကုန် တစ်ခု (One Region One Product) ဟူသော   အစီ အစဉ်နှင့် ကိုက်ညီနေသည်။
သို့ဖြစ်ရာ ဒေသစီးပွားဖွံ့ဖြိုးမှုကို  အထောက် အကူပြုလျက်ရှိသည့်     စပျစ်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍  ရမည်းသင်းမြို့နယ်မှ      စပျစ်စိုက် တောင်သူတစ်ဦးဖြစ်သည့် ဦးချစ်ပီးနှင့်   သွားရောက် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး`။  ။    ဒီဒေသမှာ      စပျစ်စိုက်ပျိုးထုတ်လုပ်မှု 
            တိုးတက်လာတယ်လို့    သိရှိရတဲ့အတွက်
ဒေသရဲ့         စပျစ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှုနဲ့
ပတ်သက်ပြီး သိရှိပါရစေ။
ဖြေ    ။   ။    ကျွန်တော်တို့         ရမည်းသင်းမြို့နယ် 
            ရွာတန်းဒေသတစ်ဝိုက်မှာ     စပျစ်စိုက် ဧက  ၄၀၀၀ ကျော်လောက်  ရှိပါတယ်။  စိုက်ပျိုးတဲ့ စပျစ်မျိုးက ခုနစ်မျိုးလောက်  ရှိပါတယ်။ အဓိက ကတော့ စိုက်ပျိုးတောင်သူအတွက် အကျိုးဖြစ်ထွန်း စေမယ့်ဈေးကွက်မှာ          ဝယ်လိုအားကောင်းတဲ့ မျိုးတွေကို စိုက်ကြတာ ဖြစ်ပါတယ်။ စိုက်ပျိုးရာသီ က      နှစ်စဉ်တစ်လပိုင်းကနေ      ငါးလပိုင်းအထိ     ဖြစ်ပြီးတော့ ကျွန်တော်တို့ဒေသက ပျမ်းမျှစပျစ်သီး တန်ချိန်  ၂၈၀၀၀ ကနေ   ၃၀၀၀၀   ကျော်အထိ ထွက်ရှိပါတယ်။
မေး    ။      ။    စိုက်ပျိုးထွက်ရှိတဲ့ စပျစ်တွေကို ဘယ်လို ရောင်းချပါသလဲ။
ဖြေ    ။   ။    အခုကတော့ ဒေသထွက် စပျစ်သီးတွေကို တိုင်းဒေသကြီးနဲ့     ပြည်နယ်       မြို့နယ် 
အားလုံးကို ကုန်သည်တွေကတစ်ဆင့်  ရောင်းချပါ 
တယ်။ ကျွန်တော်တို့ဒေသ    တောင်သူတွေအတွက်
ဝင်ငွေတိုးပွားစေတဲ့   သီးနှံတစ်ခုပါ။    ကျွန်တော်တို့ ဒေသ ရည်မှန်းချက်ကတော့       ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်တဲ့အထိ ရည်မှန်းထားပါတယ်။   အခု နောက်ပိုင်းမှာ    စပျစ်စိုက်ပျိုးရာမှာ     စပျစ်စိုက် တောင်သူတွေအနေနဲ့     ဓာတုဆေးဝါးသုံးစွဲမှုကို      လျှော့ချသုံးစွဲရေးဘက်ကို       သွားနေကြပါပြီ။
မေး    ။     ။        စပျစ်ကို  တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ စပျစ်ဝိုင်အဖြစ် ဒေသမှာ  ထုတ်လုပ်နေ 
ပြီလား။ ထုတ်လုပ်နေပြီဆိုရင်    စပျစ်ဝိုင်အဖြစ် ထုတ်လုပ်မှုအခြေအနေကို သိပါရစေ။
ဖြေ    ။    ။    စပျစ်ကနေ  စပျစ်ဝိုင်အဖြစ်  တန်ဖိုးမြှင့် 
            ထုတ်ကုန်အနေနဲ့   ထုတ်လုပ်ရောင်းချ နိုင်အောင် စမ်းသပ်ထုတ်လုပ်နေပြီ    ဖြစ်ပါတယ်။ အောင်မြင်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ဝိုင်လုပ် တဲ့ စပျစ်မျိုးလေးမျိုး စိုက်ပျိုးထုတ်လုပ်နေပါတယ်။ စနစ်တကျခေတ်မီ နည်းပညာတွေနဲ့  အရည်အသွေး ကောင်းအောင် လုပ်နိုင်လာကြပါပြီ။
မေး    ။    ။        နိုင်ငံတော်ကနေ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ကျေးလက်ဒေသ      ဖွံ့ဖြိုးရေး 
အစီအစဉ်တွေ ဆောင်ရွက်ပေးနေတာလည်း ရှိပါ 
တယ်။ ဒီကနေ စပျစ်စိုက်ပျိုးရေးအတွက်  ငွေကြေး 
ဖြစ်စေ၊ နည်းပညာဖြစ်စေ အထောက်အပံ့   ရရှိတာ 
တွေ ရှိရင်လည်း ပြောပြပေးပါ။
ဖြေ    ။    ။    ရှိပါတယ်။    အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနကနေ ကျွန်တော်တို့ 
ဒေသက ကျေးလက်နေပြည်သူတွေ  ဝင်ငွေတိုးပွား 
စေဖို့  သင်တန်းတွေကို ဖွင့်လှစ်ပေးပါတယ်။     ဝိုင် 
ပြုလုပ်နည်းတွေကို  စာတွေ့လက်တွေ့သင်ကြား 
ပေးပါတယ်။ စပျစ်စိုက်     တောင်သူတချို့ဆိုရင် 
(GAP) လက်မှတ်တွေရရှိနေကြပြီ ဖြစ်ပါတယ်။
ဒီနှစ်မှာ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ မှာရှိတဲ့ စပျစ်တောင်သူတွေကို တစ်ဧက ငါးသိန်းနှုန်း နဲ့ စပျစ်စိုက်တောင်သူ  ၂၂၃ ဦး၊    စပျစ်စိုက်ဧက ၅၀၆ ဒသမ ၅  ဧကအတွက် အတိုးနှုန်းသက်သာတဲ့ ချေးငွေကို တစ်နှစ်ချေးပေးခဲ့ပါတယ်။    တောင်သူ တွေ      စိုက်ပျိုးရေးအတွက်    အထောက်အကူ အများကြီး   ရပါတယ်။
မေး    ။    ။    စပျစ်စိုက်ပျိုးသူတောင်သူတွေကို မျှဝေ လိုတာရှိရင်လည်း ပြောပြပေးပါရှင့်။
ဖြေ    ။     ။        စပျစ်စိုက်ပျိုးတာဟာ   စိုက်ပျိုးသူ တောင်သူတွေ       ဝင်ငွေတိုးတက်ရရှိတဲ့ 
အပြင် ခြံလုပ်သား       အလုပ်အကိုင်အခွင့်အလမ်း 
အများကြီးကိုလည်း   ဖော်ဆောင်ပေးနိုင်ပါတယ်။ 
စပျစ်စိုက်တောင်သူတွေအနေနဲ့ စပျစ်သီးတွေကို 
တန်ဖိုးမြှင့်ထုတ်ကုန်ဝိုင်အဖြစ်ပါ ထုတ်လုပ်လာနိုင် 
တဲ့အတွက် အခွင့်အလမ်းတွေ ရရှိဦးမှာပါ။
ဒီအတွက် နိုင်ငံတော်ကလည်း     နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေက       ပံ့ပိုးမှုပေးတာကိုလည်း ရရှိနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်  စိုက်သူဝင်ငွေ တိုးပွားစေရုံသာမက ဒေသစီးပွား      အကျိုးများ အောင်လည်း    အထောက်အပံ့ပေးနိုင်တာ    အမှန်ပဲ ဆိုတာကို ပြောပြလိုပါတယ်။    ။