COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဇွန်   ၂၄


Coronavirus Disease 2019 (COVID–19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေး မှူးရုံးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်   နေပြည်တော်ရှိ  ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အစည်းအဝေးတွင် Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ      အတွင်းရေးမှူးရုံးအဖွဲ့ ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က  COVID-19 ရောဂါကူးစက်မှု များသည် မေလတတိယပတ်မှစတင်၍ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် တတိယ လှိုင်းအသွင် စတင်ဖြစ်ပေါ်လာကြောင်း၊ COVID-19 ရောဂါ   ကာကွယ်၊     ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ဆိုင်ရာစည်းကမ်းချက်များကို စနစ်တကျ လိုက်နာနိုင်ရန် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    နေပြည်တော် ကောင်စီ၊   တိုင်းဒေသကြီးနှင့်  ပြည်နယ်များတွင် ဖွဲ့စည်းထားရှိသော Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်သည်   နိုင်ငံသားအားလုံး စုပေါင်းဆောင်ရွက်ရမည့်  အမျိုးသားရေးလုပ်ငန်း တာဝန်ဖြစ်ကြောင်း၊   ဆောင်ရွက်ရမည့်  လုပ်ငန်း ဆိုင်ရာများကို စနစ်တကျ ပေါင်းစပ်ဆောင်ရွက် မည်ဆိုပါက အရေးပေါ်ရောဂါထိန်းချုပ်မှုနှင့် ကာကွယ် ကုသမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့်  ပြည်နယ်  Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီများနှင့်       ချိတ်ဆက်ဆောင်ရွက်နေမှု၊ COVID–19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နေရပ်ပြန်များအား Quarantine ထားရှိ ဆောင်ရွက်နေမှု၊ နိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိမှုအခြေ အနေ၊ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့သူ (Contact Person)များစာရင်း   စုံစမ်းဖော်ထုတ်ချိတ်ဆက် ဆောင်ရွက်မှု၊ ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထား သည့် အမိန့်နှင့် ညွှန်ကြားချက်များအပေါ်  မလိုက်နာ သူများအား အရေးယူဆောင်ရွက်မှု၊ ကျောင်းဖွင့်ရာသီ နှင့် COVID-19 ရောဂါ တတိယလှိုင်းအသွင် ဖြစ်ပေါ် လာမှုအခြေအနေများနှင့်စပ်လျဉ်း၍     ဆွေးနွေး ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန    ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ထွန်းတင်က Stay at Home မြို့နယ်များအဖြစ် သတ်မှတ်ကြေညာခြင်း၊ ဆက်လက်ဆောင်ရွက်လို သည့် အသွားအလာ ကန့်သတ်ခြင်းအစီအစဉ်၊ ဒေသ အလိုက် စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း တိုးချဲ့ဆောင်ရွက် မှုများ၊ လူနာများအား ကုသမှုပေးလျက်ရှိသည့်အစီ အစဉ်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့်   နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့်    အခြေအနေများနှင့် ကျောင်းများတွင် အထူးဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍    ရှင်းလင်းဆွေးနွေး တင်ပြသည်။


ယင်းနောက် Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူးရုံးအဖွဲ့       ဒုတိယအဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ်၊ ရဲမှူးချုပ် ဝင်းထွန်းက လေကြောင်းမှ ဝင်ရောက်လာမှုများနှင့် ရောဂါပိုးတွေ့ရှိမှု   အခြေအနေ၊   နယ်စပ်ဒေသ ဝင်ထွက်ပေါက်များတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ အသွားအလာကန့်သတ်ထိန်းချုပ်မှု၊   ရောဂါပိုး တွေ့ရှိမှုအပေါ် ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိမှု၊ အသွားအလာကန့်သတ်ထားရှိမှု အခြေ အနေ၊ COVID–19 ရောဂါ တားဆီးကာကွယ်မှု၊ ထိန်းချုပ်မှုနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ 
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီ၊   တိုင်းဒေသကြီးနှင့်  ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊  ဒုတိယ တိုင်းဒေသကြီးနှင့်  ပြည်နယ်ရဲတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် COVID-19 ရောဂါဖြစ်ပွားမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက်    ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။


ယင်းနောက် Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ      အတွင်းရေးမှူးရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။      

             
သတင်းစဉ်