
နေပြည်တော် မတ် ၂၅
ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ် သက်ရောက်နေသည့် အခက်အခဲအကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်း များကို ဆွေးနွေးအဖြေရှာနိုင်ရေး အတွက် သုံးပွင့်ဆိုင်အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ် သမား ကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအဝေးသည် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ် သက်ရောက်နေသည့် အခက်အခဲ၊ အကျပ်အတည်းများ အပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာ နိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။
COVID-19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိ ခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြား အကြောင်းအရင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း/ ယာယီပိတ်သိမ်းခြင်း/ အင်အား လျှော့ချခြင်းများ၊ အလုပ်ရှင်/ အလုပ် သမား အငြင်းပွားမှုများ၊ အလုပ်သမား ဆန္ဒပြမှုများ၊ အလုပ်လက်မဲ့ပြဿနာ များ ဖြစ်ပေါ်လာနိုင်ခြင်း၊ ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်မှု လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းခြင်း တို့ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင် ရန်အတွက် ဦးစီးဌာနများအလိုက် လုပ်ငန်းအစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ငန်းရှင်များအနေဖြင့်လည်း ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်ကြသည့် နိုင်ငံခြားသား ပိုင်စက်ရုံ၊ အလုပ်ရုံများ၊ CMP စနစ်ဖြင့် လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ COVID–19 ရောဂါနှင့် ဆက်စပ်၍ သော်လည်းကောင်း၊ အခြားကုန်ကြမ်း ပြတ်တောက်မှုနှင့် အခြားသော အကြောင်း တစ်ခုခုကြောင့်သော်လည်း ကောင်း၊ စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်း ခြင်း၊ လုပ်သားအင်အား လျှော့ချခြင်း များရှိသကဲ့သို့ ယခု COVID – 19 ရောဂါဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှစပြီး စက်ရုံ၊ အလုပ်ရုံ အသစ်များ ထပ်မံဖွင့်လှစ်လျက်ရှိသည် ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများကလည်း အလုပ် ဆက်လက်လုပ်ကိုင်လိုကြပြီး အလုပ် ရှင်များကလည်း အလုပ်သမားလျှော့ချ ခြင်း၊ ပိတ်သိမ်းခြင်း မပြုလုပ်လိုကြ ကြောင်း သိရှိရ၍ ၎င်းအခြေအနေ ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ဆက်လက် လုပ်ဆောင်သွားရန် လိုကြောင်း၊ လတ်တလောတွင် အလုပ်သမားများ၏ ပုံမှန်အလုပ် အကိုင်အခွင့်အလမ်း စီးဆင်းမှုများ ပြတ်တောက်သွားမှု မရှိနိုင်သေး သည်ကို တွေ့ရှိရပါကြောင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရေးအတွက်ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခုအချိန်တွင် အခွင့်အရေးများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ အငြင်းပွားမနေဘဲ လုပ်ငန်းခွင်များ ပုံမှန်လည်ပတ်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တည်တံ့နေစေရေး တို့ကို ပိုမိုအလေးထားသုံးသပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား ကျောချင်း ကပ်ပြီး ကြုံတွေ့လာမည့် ပြဿနာ များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို မည်ကဲ့သို့ ဖြေရှင်းကျော်လွှားကြမည် ဆိုသည်ကို ရင်းနှီးပွင့်လင်းသည့် ဆွေးနွေးအဖြေရှာမှုများအား အမြန် ဆုံး ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
နိုင်ငံတော်အနေနှင့် အထည်ချုပ် လုပ်ငန်းများအပါအဝင် ဟိုတယ် ခရီးသွားလုပ်ငန်း၊ အသေးစား စက်မှု လက်မှုလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၁၀၀ ကို သက်သာသော နှုန်းထားဖြင့် အလုပ်သမားများ၊ လုပ်ငန်းရှင်များအတွက် ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံ များတွင် COVID – 19 ရောဂါအသိပညာ ပေးမှုများကို ဝန်ကြီးဌာန၊ အလုပ် သမား၊ အလုပ်ရှင်များ ပူးပေါင်း လုပ်ဆောင်လျက်ရှိရာ ဆက်လက်၍ အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အလုပ် သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်သက်ရောက်နေသည့်၊ ရင်ဆိုင် နေရသည့် အခက်အခဲ၊ အကျပ် အတည်းများအပေါ် ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်