စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ၌ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

 

စဉ့်ကူး   အောက်တိုဘာ   ၅


မန္တလေးတိုင်းဒေသကြီး   စဉ့်ကူး မြို့နယ်တွင်    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ် မှ   အခြေခံစားသောက်ကုန်များကို သက်သာသော        ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို       ယနေ့ နံနက်ပိုင်းနာရီက        စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု နွယ်ရုံ ကျေးရွာ အခြေခံပညာအထက်တန်း    ကျောင်းရှေ့တွင်         ဆောင်ရွက် သည်။ 

 


အလယ်ပိုင်းတိုင်း    စစ်ဌာန ချုပ်၏         စီစဉ်ဆောင်ရွက်မှု ဖြင့်    နယ်မြေခံတပ်မှ    ဒုတိယ  ဗိုလ်မှူးကြီး မျိုးသန့်ဇင်    ဦးစီး၍      စဉ့်ကူးမြို့နယ်   စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ    ဦးထွန်းကျော်နိုင်၊               မြို့နယ်   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ     ဝန်ထမ်းများ၊     ဌာန ဆိုင်ရာ တာဝန်ရှိသူများက   အခြေခံ     စားသောက်ကုန်နှင့်   ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာ စွာဖြင့်    ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည် ကျပ် ၁၆၀၀ နှုန်းဖြင့် ဆန်အိတ် ၂၀၊ ဆီတစ်ပိဿာ ကျပ် ၆၄၀၀ နှုန်းဖြင့်    ပိဿာ ၂၂၀ ၊ ကြက်ဥတစ်လုံး ကျပ် ၁၆၀ နှုန်း ဖြင့် လုံး ၃၀၀၀ ၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၅၀၀ နှုန်းဖြင့်  ပိဿာ  ၂၁၀၊ အာလူး တစ်ပိဿာ   ကျပ်  ၁၉၀၀ နှုန်းဖြင့် ပိဿာ ၁၈၀၊ ခရမ်းချဉ်သီးတစ်ပိဿာ   ကျပ် ၂၁၀၀ နှုန်းဖြင့်  ၄၄ ပိဿာတို့ကို ကျေးလက်နေပြည်သူ ၁၅၀၀   သို့  ရောင်းချပေးသည်။ 

 


စဉ့်ကူးမြို့ပေါ်ရှိ ရပ်ကွက်များ နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သို့ ပြည်သူများလက်ဝယ်အရောက်        ရောင်းချနိုင်ရန် စနစ်တကျ      စီမံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  သိရသည်။

 

တင်ဇာလွင်(ပြန်/ဆက်)