စဉ့်ကူးမြို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ငါးကဏ္ဍ) ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံ

 

စဉ့်ကူး   မေ    ၂၁


ကျေးလက်နေပြည်သူများ အလုပ်အကိုင်  အခွင့်အလမ်းနှင့်      မိသားစုဝင်ငွေ  တိုးပွားလာစေခြင်းနှင့်  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို          ကျေးရွာမှ   အကောင်အထည်ဖော်  ဆောင်ရွက်နိုင် ရန်ရည်ရွယ်၍  မြစိမ်းရောင်   ကျေးရွာ စီမံကိန်းများ    ဆောင်ရွက်လျက်ရှိရာ   မန္တလေးတိုင်းဒေသကြီး      စဉ့်ကူးမြို့နယ်  ငါးလုပ်ငန်း       ဦးစီးဌာနအနေဖြင့်         မြစိမ်းရောင်ကျေးရွာ         (ငါးကဏ္ဍ)စီမံကိန်းမှ           ကျေးရွာကြီးကြပ်မှု ကော်မတီဝင်များနှင့်     တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို  မေ  ၂၀  ရက်ကမြို့နယ်    ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး၌    ကျင်းပသည်။

 


ဆွေးနွေးပွဲတွင်    ပြင်ဦးလွင်ခရိုင်    ငါးလုပ်ငန်းဦးစီးမှူး   ဦးဇော်သန်းက    မြစိမ်းရောင်(ငါးကဏ္ဍ)   စီမံကိန်းနှင့် ပတ်သက်၍   ဌာနမှဆောင်ရွက်ပေးနေ သည့်  လုပ်ငန်းများရှင်းလင်းပြီး   မြို့နယ်     ငါးလုပ်ငန်းဦးစီးမှူး      ဦးနေလင်းက မြစိမ်းရောင်(ငါးကဏ္ဍ)    စီမံကိန်း လည်ပတ်ရန်ပုံငွေမှ  ချေးယူထားသော   ငွေများ   အတိုး/အရင်း    ပြန်လည်ပေးဆပ် ရန်နှင့်    ထုတ်ချေးရန် ကိစ္စတို့ကို     မြစိမ်းရောင်ကျေးရွာ      ကြီးကြပ်မှု     ကော်မတီဝင်များနှင့်    ပြင်ဦးလွင်ခရိုင်        ငါးလုပ်ငန်းဦးစီးဌာနမှူး၊       မြို့နယ် မြစိမ်းရောင်  ကြီးကြပ်မှုကော်မတီဝင် တို့နှင့်အတူ        ညှိနှိုင်းအစည်းအဝေး     ပြုလုပ်ကြောင်း  သိရသည်။    

သတင်းစဉ်