
နေပြည်တော် ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား မိုင်တိုင် အမှတ် (၃၇၁/၁ မှ ၃) အတွင်း ရထားသံလမ်း ဆက်ပြားများနှင့် သံလမ်းဆက်မူလီများအား အဖျက် သမားများက ယုတ်မာပက်စက် သောအကြံဖြင့် ဖြုတ်ယူဖျက်ဆီး ခဲ့မှုကြောင့် မြစ်ငယ်မှ ရန်ကုန် တိုင်းဒေသကြီး ရွာသာကြီးခရီးစဉ် ထွက်ခွာလာသည့် အမှတ်(၉၂၄)အစုန် ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များက သတင်း စုံစမ်းဖော်ထုတ်ခဲ့ရာ မိုင်တိုင် (၃၈၅/၂)အနီးရှိ ကျူးကျော်တဲ များအတွင်း မီးရထားသံလမ်းများ ဖြုတ်ခိုးခဲ့သူများ နေထိုင်လျက်ရှိ ကြောင်း သိရှိရသဖြင့် ဇူလိုင် ၂၅ ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ရာ ချမ်းငြိမ်းအောင် (ဘ) ဦးသန်းညွန့်၊ ရန်အောင်(ဘ)ဦးမြလွင်၊ ဇော်ထက် (ဘ)ဦးချိုနှင့် နုနုဝင်း(ဘ)ဦးထွန်း အောင်တို့လေးဦးကို မီးရထား သံလမ်းမူလီနှင့် ဂျွိုင်းဆက်များ ဖြုတ်ရာတွင် အသုံးပြုသည့် ပိုက်ဂိုက်တစ်ချောင်း၊ မော်တော် ဆိုင်ကယ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်း ချက်များအရ ၎င်းတို့ ခိုးဖြုတ်ခဲ့ သောပစ္စည်းများကို ပြည်ကြီး တံခွန်မြို့နယ် (ဆ) ရပ်ကွက် စက်မှုပန်းခြံလမ်းရှိ ထိပ်တန်း (ဒန်၊ သတ္တု၊ သံ၊ ပုလင်း) ရောင်းဝယ် ရေးဆိုင်၌ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့များ က သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင်ဖြစ်သူ တင်တင်ချို (ဘ) ဦးစံသိုက်နှင့် ကြွယ်မောင် (ဘ)ဦးအောင်ညွန့်တို့ နှစ်ဦးကို မီးရထား သံလမ်းဂျွိုင်းဆက် ၂၄ ချောင်း၊ မီးရထားသံလမ်းမူလီ ၁၅ ချောင်းတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိသူများ ကို လုပ်ထုံးထုပ်နည်းများနှင့် အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ မှ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်