
စာသင်ကျောင်းများ ပိတ်ထားရသည်မှာ ၂ လခန့်ရှိပြီ ဖြစ်ကြောင်း၊ စာသင်ကျောင်းများဖွင့်မှသာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင် စဉ်ဆက်မပြတ်သင်ကြားနေမှသာ တိုးတက်မှုရှိမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးလမ်းကြောင်းပေါ်တွင် အမြဲရှိစေချင်သဖြင့် အလေးပေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်ပမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေးများနှင့် အခြားလိုအပ်သည့် ဆေးဝါးများတင်သွင်းမှုနှင့် ပတ်သက်၍လည်း နှောင့်နှေးမှုများ မရှိအောင် စီမံဆောင်ရွက်ပေးထားကြောင်း၊ ဆေးရုံတိုင်းတွင် ကိုဗစ်-၁၉ ရောဂါအား ကုသနိုင်ရန် အတွက် ICU များ တည်ဆောက်ရေးအတွက်လည်း မှာကြားထားပြီးဖြစ်ကြောင်း၊ ဆေးရုံများသပ်သပ်ရပ်ရပ်ဖြင့် အဆင့်ရှိရှိဖြစ်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများက စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)