စံပြုကိုးကားနိုင်သည့် ဒီအင်န်အေ မျိုးရိုးဗီဇမှတ်တမ်း

Type

 

ဒေါက်တာမောင်သင်း

 

ယနေ့အခါတွင်   “ပန်းခင်းစီမံချက်”  ဖြင့်  နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးသည့်  လုပ်ငန်းကို   နိုင်ငံတစ်ဝန်း        ဆောင်ရွက်လျက်ရှိပါသည်။ လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသည့်နိုင်ငံသားများ မဲပေးနိုင်ရန် နိုင်ငံသားစိစစ် ရေးလုပ်ငန်းကို  ဦးစားပေးဆောင်ရွက်နေသည်ဟု မြင်မိပါသည်။ တကယ်တော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းသည်  တစ်ကြိမ်တစ်ခါ ဆောင်ရွက်ရုံမျှဖြင့် ပြီးစီးသည့်လုပ်ငန်းမဟုတ်ပါ။     နိုင်ငံတည်ရှိနေ သရွေ့ “နိုင်ငံသား ဟုတ်၊ မဟုတ်” စိစစ်နေရပေဦး မည်။ နိုင်ငံသားသည် မဲပေးရုံသက်သက် အခွင့် အရေးရသည်မဟုတ်ပေ။ 

 


နိုင်ငံသားတစ်ဦးသည် သူရော မိဘနှစ်ဦးပါ နိုင်ငံသားဖြစ်လျှင်   လွှတ်တော်အဆင့်ဆင့်တွင် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံပိုင်ခွင့်၊ အစိုးရအဖွဲ့ တွင် နိုင်ငံတော်အကြီးအကဲသမ္မတ၊ ဒုတိယသမ္မတ များ၊  ပြည်ထောင်စုဝန်ကြီးများနှင့် ယင်းတို့နှင့် အဆင့်ညီတာဝန်များကို           ဆောင်ရွက်ခွင့်ရှိ ပါသည်။ 

 


နိုင်ငံတော်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို   ပဲ့ကိုင်နိုင်သူများ အထိ    ထမ်းဆောင်ခွင့်ရှိပါသည်။      သို့ဖြစ်၍ “နိုင်ငံသားစိစစ်ရေးလုပ်ငန်း”   သည်    နိုင်ငံ၏ အချုပ်အခြာအာဏာသုံးရပ်    တည်တံ့ခိုင်မြဲရေး အတွက်   အရေးပါဆုံးကဏ္ဍမှာ    ရှိနေသည်ဟု ခံယူပါသည်။  ထိုသို့   နိုင်ငံသားတစ်ဦးချင်းမှသည် နောက်ဆုံး  သမ္မတရွေးချယ်တာဝန်ပေးသည်အထိ အရေးပါသည့်   နိုင်ငံသားစိစစ်ရေးလုပ်ငန်းသည် အားနည်းချက်ကင်းရန်   လိုအပ်ပါသည်။     ယခု အကြံပြုတင်ပြမည့် နည်းပညာအကူအညီကို ရယူ ဆောင်ရွက်ပါက     အားနည်းချက်ကင်းနိုင်သမျှ ကင်းစွာဖြင့်  ဆောင်ရွက်နိုင်မည်ဟု    မြင်မိပါ၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။ 

 


တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား 


မြန်မာနိုင်ငံတည်စကတည်းက      ဥမကွဲ သိုက်မပျက်၊ အေးအတူပူအမျှ အတူတကွနေထိုင် လာခဲ့ကြသူများသည် “မြန်မာတိုင်းရင်းသားများ” ဖြစ်ကြသည်။   မြန်မာတိုင်းရင်းသားဟူသမျှသည် “မွေးရာပါအခွင့်အရေး”၊       တစ်နည်းအားဖြင့် “တိုင်းရင်းသားအခွင့်အရေး” ကို ရရှိကြပေသည်။ 

 


၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့တွင်    ပြည်ထောင်စုသမ္မတ    မြန်မာ နိုင်ငံတော်၏   နိုင်ငံသားအဖြစ်   “တိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူ” ဟူသည့် မွေးရာပါအခွင့် အရေးကို ခံစားခွင့်ရှိပေသည်။ ဗြိတိသျှလက်အောက် ရောက်နေချိန်တွင်    သူတို့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ခေါ်လာသူများ၊ အကြောင်းအမျိုးမျိုးကြောင့်   ပြည်ပမှ   ဝင်ရောက် နေထိုင်လာသူများနှင့် တိုင်းရင်းသားမဟုတ်သူများ သည် အထက်ပါ မွေးရာပါအခွင့်အရေး မရကြပေ။ ဥပဒေအရစစ်ဆေးအတည်ပြုပြီးမှသာ  နိုင်ငံသား ဖြစ်ကြရသည်။ ဥပဒေအရ နိုင်ငံသားဖြစ်လာသော် ငြားလည်း  တိုင်းရင်းသားအဖြစ်    ခံယူ၍မရပေ။ တိုင်းရင်းသားတိုင်းသည်   မွေးရာပါနိုင်ငံသားပါ။ သို့သော် နိုင်ငံသားတိုင်းသည် တိုင်းရင်းသားအဖြစ် မရနိုင်ပါ။  နိုင်ငံသားတိုင်းသည်လည်း  “တိုင်းရင်း သားမှဖြစ်သည့် မြန်မာနိုင်ငံသား” မဟုတ်ကြပါ။ 

 


မှတ်တမ်းများအရ မိမိတို့နိုင်ငံတွင် တိုင်းရင်း သား  ၁၃၅  မျိုးရှိပါသည်။  တိုင်းရင်းသားများသည် ယခင်က မိမိတို့လူမျိုးစုအလိုက် စုပေါင်းနေထိုင်လေ့ ရှိသည်။  လူနေမှုပုံစံ  ပြောင်းလဲလာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပ၊    ရေကြည်ရာ၊     မြက်နုရာ ပြောင်းရွှေ့နေထိုင်ကြသည်။        တိုင်းရင်းသား အချင်းချင်း  သွေးနှောကြသည်။  ထို့အတူ   ပြင်ပမှ အကြောင်းအမျိုးမျိုးကြောင့်       နိုင်ငံတွင်းသို့ ဝင်ရောက်နေထိုင်သည့်  နိုင်ငံခြားသားနှင့်လည်း သွေးနှောကြသည်။ ထိုသွေးနှောသူများနှင့် ဥပဒေ အရ နိုင်ငံသားဖြစ်လာသူများက  တိုင်းရင်းသားဟု   ဆိုလာလျှင် (သို့မဟုတ်) တိုင်းရင်းသားအခွင့်အရေး ကို တောင်းဆိုလာလျှင် တိုင်းရင်းသားဟုတ်၊ မဟုတ်  တိကျခိုင်မာသည့်    အထောက်အထားဖြင့် အဆုံး အဖြတ်ပေးရန် မလွဲမသွေလိုအပ်လာပေလိမ့်မည်။ သို့မှသာ “မွေးရာပါ နိုင်ငံသား” (သို့မဟုတ်) “မြန်မာ တိုင်းရင်းသားမှ    ဖြစ်သည့်နိုင်ငံသား”   များသာ ရသင့်၊ ရထိုက်သည့် အခွင့်အရေးကို ကာကွယ်နိုင် ပေမည်။ 

 


နိုင်ငံ၏ ပထဝီအနေအထား 


မိမိတို့နိုင်ငံသည်   ပထဝီအနေအထားအရ ကမ္ဘာတွင် လူဦးရေ သန်း ၁၂၀၀ ခန့်ရှိသည့် အိန္ဒိယ နှင့်  သန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံတို့၏ ကြားတွင်  တည်ရှိနေပြီး  မြေအကျယ်အဝန်းနှင့်  လူဦးရေမဆံ့ကာ လူဦးရေပေါက်ကွဲထွက်နေသည့်    (Population Explosion) ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် အိမ်နီးနားချင်း ဖြစ်နေပါသည်။  ရေသည် ရေထုများ ရာမှ နည်းရာသို့   စီးဆင်းသကဲ့သို့    လူဦးရေထူထပ် ရာမှ ကျဲရာသို့ ပြောင်းရွှေ့မည့်အန္တရာယ်ကိုလည်း     ရင်ဆိုင်နေရသည်။  

 


ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခြင်း 


နိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံရေး၊ စီးပွား ရေးအခြေအနေများကြောင့်  နောင်တွင်    “လူမျို၍ တိုင်းရင်းသားလူမျိုးသာမဟုတ်    အချုပ်အခြာ အာဏာနှင့်   အမျိုး၊  ဘာသာ၊   သာသနာပါ ပျောက်ကွယ်နိုင်မည့်        အရေးကိုကြိုမြင်၍   ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော်အတွင်းရှိ “တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီ၏ စံပြုကိုးကား နိုင်သည့် ဒီအင်န်အေ မျိုးရိုးဗီဇ ဖွဲ့စည်းမှုမှတ်တမ်း”        ဆောင်ရွက်ထားရှိရန်    ပြည်ထောင်စုအစိုးရအား    တိုက်တွန်းကြောင်း  အဆိုကို   ၂၀၁၇   ခုနှစ်တွင် ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့ဖူးပါသည်။ 

 


ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးခဲ့သော် လည်း ထိုစဉ်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက မှတ်တမ်းသာတင်သင့်ပါကြောင်း သဘော ထားပေးခဲ့ပါသည်။ သို့သော်လည်း  နိုင်ငံ၏ရေရှည် အကျိုးအတွက်    အဆိုရှင်က    အတည်ပြုပေးရန် တင်ပြခဲ့သဖြင့်   မဲခွဲရာ   အဆိုရှင်ဘက်မှရှုံး၍ မှတ်တမ်းသဘောသာတည်ရှိခဲ့ပါသည်။ မြန်မာ တိုင်းရင်းသားများ၏   မွေးရာပါအခွင့်အရေးကို    တိုင်းရင်းသား  မဟုတ်သူများက  ရယူရန်ကြိုးပမ်း နိုင်မှုကို  ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း   ဆုံးရှုံးသွားခြင်းဟု   မြင်မိပါသည်။   ယနေ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။  

 


စံပြုဒီအင်န်အေလက်ဗွေဆိုသည်မှာ 


အားလုံးသိပြီးသားဖြစ်သည့် ရိုးရိုးလက်ဗွေ သည်   လူတစ်သန်းလျှင်     တစ်ယောက်သာ   မတော်တဆ တူနိုင်ပါသည်။ မျိုးရိုးဗီဇအမှတ်အသား  ဒီအင်န်အေ (DNA =  Deoxyribonucleic Acid)    ကတော့ တစ်ယောက်နှင့်တစ်ယောက် ထပ်တူညီနိုင် မှု မရှိနိုင်ပေ။ သို့သော် မိသားစု၊ ဆွေမျိုးများတွင် အကုန်မတူ သော်လည်း  ဆွေမျိုးတော်စပ်မှုလက္ခဏာ များတွင်တော့ တူညီမှုရှိနေပေသည်။ 

 


ကိုရီးယားရုပ်ရှင်ကားများတွင်     သားသမီး ဟုတ်၊မဟုတ်၊ မိဘဆွေမျိုး ဟုတ်၊မဟုတ် ဒီအင်န် အေ   စစ်ဆေးကြသည့်အကြောင်းကို   ပြသသည့် ဇာတ်လမ်း မျိုးစုံကြည့်ဖူးကြပါလိမ့်မည်။  လူတစ်ဦး နှင့်တစ်ဦး သွေးသားတော်စပ်မှု ရှိ၊ မရှိကို ဒီအင်န် အေစစ်ဆေးကြည့်၍       သိနိုင်ကြောင်း      ပြသခြင်း ဖြစ်ပေသည်။  ထို့အတူ    မှုခင်းများတွင်လည်း ကျူးလွန်သူ ကျန်ရစ်ခဲ့သည့် သွေးစက်၊ အသားစ၊ ဆံပင်၊ မွေးညင်းများမှ ဒီအင်န်အေကို    သံသယရှိသူ ၏   ဒီအင်န်အေနှင့် တိုက်ဆိုင်စစ်ဆေးမှုကို  ပြုလုပ် ကာ   တရားခံ   ဟုတ်၊  မဟုတ်   စိစစ်နိုင်သည်။ သို့အတွက် ဆွေမျိုးတော်စပ် သူ၊  တိုင်းရင်းသားမျိုးတူ  လူမျိုးစုတစ်ခုချင်းသည်လည်း      ဒီအင်န်အေ စစ်ဆေး၍ လူမျိုးစုတူညီသူများ ဟုတ်၊ မဟုတ် စိစစ် သတ်မှတ်နိုင်သည်။ လက်ဗွေဖြင့် တိုက်ဆိုင်စစ်ဆေး ၍  တူညီလျှင်   ဥပဒေအရငြင်း၍ မရပေ။ ဒီအင်န် အေက ရိုးရိုးလက်ဗွေထက် ပိုမိုတိကျသည့်အတွက်    ဒီအင်န်အေလက်ဗွေ    (DNA Fingerprint)   ဟု သုံးနှုန်းကြသည်။ 

 


အိမ်နီးနားချင်းနှင့် အာရှနိုင်ငံများ၏ ဆောင်ရွက်ထားရှိမှု
စံပြုဒီအင်န်အေ          မှတ်တမ်းထားရှိမှုနှင့် ပတ်သက်၍    လေ့လာမိသလောက်    တင်ပြရမည် ဆိုလျှင် -


အိမ်နီးနားချင်းနိုင်ငံများတွင်    နေထိုင်သည့် တိုင်းရင်းသားများ၏ ဒီအင်န်အေမှတ်တမ်း ထားရှိ ခဲ့ကြောင်း သိရှိရပါသည်။ ယင်းတို့မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် တိုင်းရင်းသားလူမျိုးစု ၂၁ စု၊ အိန္ဒိယနိုင်ငံတွင် လူမျိုးစု ၁၅ စု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် လူမျိုးစုကိုးစု၊ ထိုင်းနိုင်ငံတွင်  လူမျိုးစုသုံးစု တို့ဖြစ်ပါသည်။ မိမိတို့နိုင်ငံနှင့်  လာအိုနိုင်ငံတို့သာ ထိုမှတ်တမ်းထားရှိရန် ကျန်ရှိပါတော့သည်။ 

 


အာရှနိုင်ငံများတွင်လည်း ဗီယက်နမ်တစ်စု၊ သီရိလင်္ကာလေးစု၊   နီပေါနှစ်စု၊ မလေးရှားနှစ်စု၊ ကိုရီးယားတစ်စု၊  ဂျပန်နှစ်စု၊   ဖိလစ်ပိုင်တစ်စု၊ ပါကစ္စတန်တစ်စုနှင့် စင်ကာပူတွင် တရုတ်လူမျိုးစု  တစ်စုတို့ကို      ဒီအင်န်အေမှတ်တမ်းထားရှိပြီး ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ 

 


မြန်မာနိုင်ငံတွင် 
ဒီအင်န်အေမှတ်တမ်းထားရေး ကြိုးပမ်းခဲ့မှု


ဒီအင်န်အေ   လက်ဗွေနည်းပညာ    (DNA Fingerprinting) ကို အသုံးပြု၍ မြန်မာတိုင်းရင်း သားများ၏   ဒီအင်န်အေမှတ်တမ်းထားရှိရန်နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း၌ အသုံးပြုရန် စီမံချက် ရေးဆွဲ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ဦးစီးအရာရှိတစ်ဦးက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်တွင် တင်သွင်းခဲ့ဖူးပါသည်။ 
ယခု   ၂၁  နှစ်ခန့် ကြာခဲ့ပါပြီ။ အကောင်အထည် မပေါ်ခဲ့ပေ။  သက်ဆိုင်ရာဌာနအနေဖြင့်    နိုင်ငံ အတွက်၊    တိုင်းရင်းသားများအတွက်     အလွန် အန္တရာယ်ကြီးသည့် နည်းမျိုးစုံဖြင့် လူဦးရေစီးဝင်မှု ကို   ခေတ်မီနည်းပညာအသုံးပြု၍  ကာကွယ်ရန် တာဝန်ရှိပါသည်။ ထိုအချိန်က အကြီးအကဲလုပ်သူ အနေဖြင့် မိမိမရင်းနှီးသော နည်းပညာတစ်ခုခုကို သုံး၍ နိုင်ငံတော်အတွင်းသို့ လူစီးဝင်မှုဟန့်တား  နိုင်ရေးနှင့် နိုင်ငံသားမဟုတ်သူများကို နိုင်ငံသား အဖြစ် မှားယွင်းအသိအမှတ်ပြုရေးမှ ကာကွယ်နိုင် ရေးအတွက် တင်ပြလာမှုကို တင်ပြသူနှင့် အခြား ဝန်ကြီးဌာနများမှ တတ်ကျွမ်းသူများကို မေးမြန်း ကာ လူမျို၍ တိုင်းရင်းသားမျိုးပျောက်မည့်အရေး ကို ကာကွယ်သင့်သည်ဟု မြင်မိပါသည်။ 

 


တိုးတက်လာသည့် ဒီအင်န်အေနည်းပညာ၏ အားသာမှု 


ယနေ့တွင် နည်းပညာတိုးတက်လာမှုကြောင့် တိုင်းရင်းသားများ၏ မျိုးရိုးဗီဇ   စံပြုဒီအင်န်အေ မှတ်တမ်းထားရှိမည်ဆိုလျှင်  တိုင်းရင်းသားလူမျိုး တစ်စုချင်း၏ လူမျိုးစုလက္ခဏာ မှန်ကန်မှုကို တိကျ စွာ အဖြေပေးနိုင်ပေသည်။ ယနေ့ အသုံးပြုနေသော ဒီအင်န်အေလက်ဗွေ ရှာဖွေနည်းများမှာ - 


(က)    ရိုးရိုးဒီအင်န်အေ လက်ဗွေဖြင့်ရှာဖွေခြင်း၊ 
(ခ)    မိုက်တိုခွန်ဒရီးယား  ဒီအင်န်အေဖြင့် 
        ရှာဖွေခြင်း ၊ 
(ဂ)     ဒီအင်န်အေသုံးမျိုး၏         မတူညီမှုပုံစံ (STR = Short Tandem Repeat) ဖြင့် ရှာဖွေခြင်း တို့ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတကာတွင် တတိယ နည်းဖြစ်သည့် STR နည်းကို အသုံးပြုနေကြပါသည်။ ယင်းနည်းသည်   မိခင်၏မျိုးရိုး၊  ဖခင်၏မျိုးရိုးနှင့် မိဘနှစ်ပါးစလုံးတွင်ပါဝင်သည့်    တစ်ဦးချင်းစီ၏ ဒီအင်န်အေများကို ဆန်းစစ်လေ့လာသည့်နည်း ဖြစ်၍ အထက်ပါ (က) နှင့် (ခ) နည်းနှစ်နည်းထက် ပိုမိုတိကျသည့်ရလဒ်ကို ပေးစွမ်းနိုင်ပါသည်။ 

 


ပြည်တွင်းတွင် ပညာရှင်လုံလောက်မှု


မိမိတို့နိုင်ငံ၌    ၂၀၀၀   ပြည့်နှစ်ခန့်အချိန်က  ပြည်တွင်းတွင်      ဒီအင်န်အေလက်ဗွေပညာကို တတ်မြောက်သူ  တစ်ဦးစ၊  နှစ်ဦးစသာ  ရှိပါသေး သည်။ ၂၀၁၇ ခုနှစ် ပြည်သူ့လွှတ်တော်တွင် အဆို တင်သွင်းသည့်အချိန်၌ ပညာရှင်အမြောက်အမြား ရှိနေပြီဖြစ်ပါသည်။  အဆိုရှင်အား   တပ်မတော် ဆေးတက္ကသိုလ်၊ ဇီဝဓာတုဗေဒဌာနမှ ပါမောက္ခနှင့် ဆရာများက စာတမ်းမြောက်မြားစွာ ရှာဖွေပေးခဲ့ပါ သည်။ လက်တွေ့လုပ်ဆောင်နိုင်မည့် အခြေအနေ များကိုလည်း ထိုပညာရှင်များနှင့် ဆွေးနွေးပြီးမှ နိုင်ငံတွင်  လုပ်ဆောင်နိုင်မည့်အခြေအနေ   ရှိပါ သဖြင့် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

 


ယနေ့နိုင်ငံအတွင်းတွင်    ပညာရှင်အများအပြား ရှိနိုင်သောဌာနများမှာ - 


(က)    ဆေးသုတေသနဦးစီးဌာနများ၊ 
(ခ)    ဇီဝဓာတုနှင့်      မျိုးရိုးဗီဇဗေဒဌာနများ (တပ်မတော်ဆေးတက္ကသိုလ်နှင့်     ဆေး တက္ကသိုလ်များ၊ စိုက်ပျိုးရေးနှင့်    တိရစ္ဆာန် မွေးမြူရေးနှင့်  ဆေးကုသရေးတက္ကသိုလ် များ)
(ဂ)    ဝိဇ္ဇာ၊  သိပ္ပံတက္ကသိုလ်များရှိ    ရုက္ခဗေဒ၊ သတ္တဗေဒနှင့် အဏုဇီဝဗေဒဌာနများ၊ 
(ဃ)    မှုခင်းဌာန၊    ပြည်ထဲရေးဝန်ကြီးဌာနတို့ ဖြစ်ပါသည်။  သို့ဖြစ်၍     ဤစီမံချက်ကို ဆောင်ရွက်မည်ဆိုပါက      နိုင်ငံခြားမှ ပညာရှင်များ  ငှားရမ်းရန် လုံးဝမလိုအပ်ဟု မြင်မိပါသည်။  
နိုင်ငံတော်အတွက် ဖြစ်ထွန်းလာမည့် အကျိုးကျေးဇူးများ
အထက်ပါ     ခေတ်မီဒီအင်န်အေလက်ဗွေ နည်းပညာကို  အသုံးပြု၍   မြန်မာတိုင်းရင်းသား တစ်မျိုးချင်းစီ၏ လူမျိုးစုလက္ခဏာကို တိတိကျကျ ဖော်ညွှန်းနိုင်မည့်        “စံပြုကိုးကားနိုင်သည့် ဒီအင်န်အေ မျိုးရိုးဗီဇဖွဲ့စည်းမှုမှတ်တမ်း” ထားရှိ ခြင်းဖြင့်   နိုင်ငံတော်အနေဖြင့်    ရေရှည်ရရှိမည့် အကျိုးကျေးဇူးများမှာ-
(က)    မြန်မာတိုင်းရင်းသား   ဟုတ်၊   မဟုတ်    စိစစ်နိုင်ခြင်း၊ 
(ခ)    မြန်မာနိုင်ငံသားဥပဒေ    (၁၉၈၂)    အရ   နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွင် ပိုမိုတိကျ ခိုင်မာသည့်      နိုင်ငံသားများအဖြစ် စိစစ်နိုင်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ 
(ဂ)    မြန်မာတိုင်းရင်းသားများနှင့်  တိုင်းရင်းသား မဟုတ်သူများ သွေးနှောရာတွင် ပေါ်ပေါက် လာမည့်ပြဿနာများကို    ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်ခြင်း     စသည်တို့ ဖြစ်ပါသည်။

 


ထို့အပြင် နိုင်ငံတော်အနေဖြင့် သမိုင်းဆိုင်ရာ နှင့် နိုင်ငံတကာဆက်ဆံရေးရာတို့တွင်    ပျူလူမျိုးနှင့် မြန်မာဆက်စပ်မှုကို ဖော်ထုတ်နိုင်ခြင်း၊ ကမ္ဘာ့လူမျိုး အသီးသီး၏   မျိုးရိုးဆင်းသက်မှု    ပုံကြမ်းစီမံကိန်း (Draft Phylogenetic Tree of World People) တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာရောဂါ များ  (Genomic  Diseases)   ကုသနိုင်ရေးအတွက် နိုင်ငံတကာသုတေသနလုပ်ငန်းများတွင်  ပါဝင်နိုင် ခြင်း၊  အိမ်နီးနားချင်းနိုင်ငံများရှိ    လူမျိုးများနှင့် မြန်မာတိုင်းရင်းသားများ၏  မျိုးရိုးဗီဇဆက်နွှယ်မှု  ရှိ၊ မရှိ စိစစ်နိုင်ခြင်း  စသည့်အကျိုးကျေးဇူးများကို   ရရှိနိုင်ပါသေးသည်။ 

 


နိုင်ငံတကာပညာရှင်များ၏ လေ့လာမှုစာတမ်း များတွင် ဖော်ပြထားချက်များအရ အိန္ဒိယနှင့် ဘင်္ဂါလီ လူမျိုးများ၏   မျိုးရိုးဗီဇတို့သည်    အာရှ အရှေ့ပိုင်း၊ အရှေ့တောင်အာရှဒေသရှိ  လူမျိုးများ၏  မျိုးရိုးဗီဇဒီအင်န်အေနှင့် လုံးဝကွဲပြားနေကြောင်း သိရပါသည်။ 

 


တိုင်းရင်းသားအခွင့်အရေး  


တိုင်းရင်းသားများသည်  မွေးရာပါအခွင့်အရေး ရကြသည်။  ဥပဒေအရ   နိုင်ငံသားဖြစ်လာကြသည့် တိုင်းရင်းသားမဟုတ်သူများသည်   မွေးရာပါအခွင့် အရေးမရနိုင်ပေ။  မွေးရာပါအခွင့်အရေး   ရရှိစေရန် တိုင်းရင်းသားဖြစ်လိုကြသည်။ တိုင်းရင်းသား ဟုတ်၊ မဟုတ် ပတ်ဝန်းကျင်ရှိ လူများ၏ သူပြော၊ ငါပြော သက်သေအထောက်အထားများနှင့်  ပြောပြချက် များကိုသာ အခြေပြုသည့်မှတ်တမ်းများဖြင့် မလုံ လောက်တော့ပေ။   ခေတ်မီနည်းပညာ    အကူအညီ ရယူရန် လိုအပ်လာပေပြီ။ လူစီးဝင်မှုပြဿနာ၏  အရေးကြီးသည့် ရေရှည်အကျိုးဆက်မှာ ထိုစီးဝင် လာသူများက  အကြောင်းအမျိုးမျိုးကြောင့်   နိုင်ငံ သားဖြစ်လာပြီး သူတို့သည်လည်း   မြန်မာတိုင်းရင်း သားဟုဆိုကာ    “တိုင်းရင်းသားအခွင့်အရေး” တောင်းဆိုလာပါလိမ့်မည်။ 

 


လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ ပုဒ်မ ။ ၅၉ (ခ) ၌ နိုင်ငံတော်သမ္မတနှင့်  ဒု-သမ္မတများ၏   အရည် အချင်းများကို သတ်မှတ်ရာတွင် “မိမိနှင့် မိမိ၏မိဘ နှစ်ပါးစလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော  “တိုင်းရင်းသားမှဖြစ်သည့်   မြန်မာ နိုင်ငံသား” ဖြစ်ရမည်” ဟု အတိအလင်းပြဆိုထားပါ သည်။ မြန်မာတိုင်းရင်းသားများသာ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၏ “အထွတ်အထိပ်အခွင့်အရေး” ပင်ဖြစ်ပါသည်။ ထိုအခွင့်အရေးမျိုးကို လိုချင်သဖြင့် သွေးနှောသူများ (သို့မဟုတ်) တိုင်းရင်းသား မဟုတ် သည့်နိုင်ငံသားများက တိုင်းရင်းသားဟု တောင်းဆို လာနိုင်ခြင်းကို   ယခုတင်ပြခဲ့သည့်    ဒီအင်န်အေ လက်ဗွေနည်းပညာဖြင့် စိစစ်ကာကွယ်ထားနိုင်ပါမှ နိုင်ငံတော်အကြီးအကဲသမ္မတ တာဝန်ယူမည့်သူ သည် “တိုင်းရင်းသားနိုင်ငံသားစစ်စစ်”       ဖြစ်လာ ပေလိမ့်မည်။   သို့မှသာ    “နိုင်ငံတော်၏အချုပ်အခြာ အာဏာ”  သည်လည်း   မယိမ်းမယိုင်တည်ရှိနေပေ လိမ့်မည်ဟု ခံယူမိပါသည်။

 


မြန်မာတိုင်းရင်းသားများသည်   ရှေးပဝေ သဏီကတည်းကပင် ဥမကွဲသိုက်မပျက်၊ အေးအတူ ပူအမျှ နေထိုင်ခဲ့ကြသည်။      ခေတ်သစ်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင်လည်း     တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုမောင်ရင်းနှမများ         စည်းလုံးညီညွတ် ပေါင်းစည်းမှုကတိပြုစာချုပ်ဖြင့်   ခိုင်မာစွာ   စုစု စည်းစည်းနေထိုင်လာခဲ့သည်မှာ     စိန်ရတုပင် တိုင်ခဲ့ပါပြီ။   


နိုင်ငံ့ခေါင်းဆောင်များကို    ပြည်ထောင်စု လွှတ်တော်က  ရွေးချယ်အတည်ပြုခြင်း   မပြုမီ မြန်မာတိုင်းရင်းသားများ၏ “စံပြုကိုးကားနိုင်သည့် ဒီအင်န်အေမျိုးရိုးဗီဇမှတ်တမ်း”   ဖြင့် တိုက်ဆိုင် စစ်ဆေးနိုင်မှသာ        “တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားစစ်စစ်ခေါင်းဆောင်များ”     ကို တင်မြှောက်နိုင်မည်ဖြစ်ပါသဖြင့် အဆိုပါမှတ်တမ်း ကို   ဆောင်ရွက်ထားသင့်ပါကြောင်း    အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။          ။

ကိုးကား      
(၁)    ပြည်ထောင်စုသမ္မတ         မြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) 
(၂)    ဒုတိယအကြိမ်   ပြည်သူ့လွှတ်တော်    ပုံမှန် အစည်းအဝေး (၂၀၁၇)။