စည်းလုံးညီညွတ်မှုရှိစွာဖြင့် ဆောင်ရွက်ရမည်

မိမိတို့ယခုတာဝန်ယူ  ဆောင်ရွက်နေခြင်းသည်  အာဏာသိမ်းခြင်းမဟုတ်ဘဲ  အာဏာထိန်း  ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် အာမခံချက်ရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပါတီပေါင်း ၉၀ ကျော်ရှိ ကြောင်း၊ အခြားနိုင်ငံများတွင် မိမိတို့နိုင်ငံကဲ့သို့ ပါတီများစွာမရှိကြောင်း၊ ပါတီများဖွဲ့စည်းရာတွင် နိုင်ငံရေးကို အခြေခံသည့်ပါတီ၊ ဒေသကိုအခြေခံသည့်ပါတီ၊ တိုင်းရင်းသားကို အခြေခံသည့် ပါတီများရှိကြောင်း၊ နိုင်ငံရေးဆောင်ရွက်ရာတွင် သဘောထားကွဲလွဲ နေ၍မရဘဲ စည်းလုံးညီညွတ်မှုရှိစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၄-၅-၂၀၂၁ ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး၌   ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)