စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၃၂ ဦး ထပ်မံတွေ့ရှိ

 

 

စင်ကာပူ   မေ   ၂
စင်ကာပူနိုင်ငံ၌  မေ ၁ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၃၂ဦး ထပ်မံတွေ့ရှိလာသဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ       စုစုပေါင်း ၁၁၉၉၆၄၀ ရှိလာပြီဖြစ်ကြောင်း သိရသည်။   
စင်ကာပူနိုင်ငံ၌   ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူများအနက် ၁၆၉၄ ဦးမှာ ဒေသတွင်း ကူးစက်ခံ ရသူများဖြစ်ပြီး ပြည်ပပြန်ကူးစက် ခံရသူ ၃၈ ဦးရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံ၌ ဒေသတွင်း ကူးစက်ခံရသူများအနက် ၂၁၆ ဦး မှာ ပီစီအာ စမ်းသပ်စစ်ဆေးမှုစနစ် ဖြင့်  ရောဂါပိုး တွေ့ရှိခြင်းဖြစ်ပြီး ၁၄၇၈   ဦးမှာ   အေအာတီစနစ် စမ်းသပ်စစ်ဆေးမှုဖြင့် ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။
စင်ကာပူနိုင်ငံ၌   လက်ရှိတွင် ကိုဗစ်-၁၉ ဖြင့် ဆေးရုံတက်ရောက် နေရသူ  စုစုပေါင်း ၂၂၅ ဦးရှိပြီး ခုနစ်ဦးမှာ အထူးကြပ်မတ်ကုသ ဆောင်တွင်     ကုသမှုခံယူနေရ ကြောင်း သိရသည်။
စင်ကာပူနိုင်ငံ၌ မေ ၁ ရက်က ကိုဗစ်-၁၉ ဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိပြီး    ကိုဗစ်-၁၉    ဖြင့် သေဆုံးသူစုစုပေါင်းမှာ ၁၃၃၆ ဦး ရှိပြီဖြစ်ကြောင်း    ကျန်းမာရေး ဝန်ကြီးဌာန၏   ထုတ်ပြန်ဖော်ပြ ချက်အရ သိရသည်။     ဆင်ဟွာ