
စင်ကာပူ ဒီဇင်ဘာ ၂၁
စင်ကာပူနိုင်ငံသည် နိုင်ငံအတွင်းရှိ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ် များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို ယခုလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါအသက် အရွယ်များအား ထိုးနှံပေးမည့် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သည်လည်း ဒီဇင်ဘာ ၂၂ ရက်တွင် ရောက် ရှိလာမည်ဟု မျှော်လင့်ထားကြောင်း စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
အဆိုပါ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဥရောပမှ တင်ပို့ မည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်ပြီးကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာတွင်လည်း ထိရောက်မှုရှိကြောင်းနှင့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ်များအား ထိုးနှံ ပေးရန် စင်ကာပူကျန်းမာရေးသိပ္ပံ အာဏာပိုင်အဖွဲ့များက အတည်ပြုပေးခဲ့ ခြင်းဖြစ်ကြောင်း စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို ဒီဇင်ဘာ လကုန်ပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထား ကြောင်းလည်း စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အလင်းသစ်