
နေပြည်တော် အောက်တိုဘာ ၃၀
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited (GEAA) ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ သွားရောက် ကြည့်ရှုအားပေးသည်။
ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် များကို ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်က လုပ်ငန်းလည်ပတ်နေမှု၊ ငါးသား ပေါက်ထုတ်လုပ်မှု၊ Modern Steel Tank နှင့် Eco and Smart Gro-wout နည်းပညာသစ်အသုံးပြု၍ ငါးမွေးမြူထုတ်လုပ်မှု၊ ငါးအစာ၊ ငါးပေါင်းမှုန့်၊ ငါးဆီထုတ်လုပ်နိုင် မှု၊ ငါးအစာတောင့်နှင့် အအေးခန်း စက်ရုံဆောင်ရွက်နေမှု၊ တွေ့ကြုံ နေရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ဆွေးနွေး တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်နိုင်ရေး၊ သွင်းကုန်အစားထိုး ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး၊ ပြည်ပ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ နည်း ပညာမြှင့်တင်နိုင်ရေးနှင့် သုတေ သနလုပ်ငန်းများ ဆောင်ရွက်ရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရေး၊ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်နိုင်ရေးနှင့် နည်းပညာ သစ်များ ဖြန့်ဝေမြှင့်တင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လူနေမှုစနစ်တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြန်လည်အကြံပြု ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ကုမ္ပဏီ၏ ငါးသား ဖောက်စခန်း (Hatchery) များ၊ Aqua Feed Factory အစာတောင့် စက်ရုံ၊ Modern Steel Tank ငါးမွေးကန်များ၊ Eco & Smart Growout ငါးမွေးကန်များ၊ ငါး အခြေခံ စားသောက်ကုန်ထုတ် စက်ရုံ၊ အအေးခန်းစက်ရုံများ၊ Fish Powder Factory (ငါး ဟင်းခတ်မှုန့်)စက်ရုံများ၊ ငါး ဖမ်းဆီး ထုတ်လုပ်နေမှုများနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည် ကြည့်ရှုသည်။
အဆိုပါလုပ်ငန်းသည် စနစ် ဟောင်းငါးမွေးမြူခြင်းမှ ခေတ်မီ စနစ်ဖြင့် တစ်နေရာတည်း၌ ခေတ်မီ ငါးသားပေါက်ထုတ်လုပ် ခြင်း၊ ခေတ်မီစနစ်ဖြင့် ငါးမွေးမြူ ခြင်း၊ အသားတိုးမွေးမြူခြင်းနှင့် အစာထုတ်လုပ်ခြင်း၊ ငါးပြုပြင် ထုတ်လုပ်မှု၊ အခဲခံမှု၊ ငါးကုန်ချော ထုတ်လုပ်မှု၊ အအေးခန်းသိုလှောင် မှု နည်းစနစ်များပါဝင်၍ ငါးနှင့် ပတ်သက်သော စားသောက်ကုန် များထုတ်လုပ်ပြီး မြန်မာ့ရေထွက် ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်မည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်