CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်    ဒီဇင်ဘာ   ၁၆


မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကုန်ကြမ်း ယူ၊  ကုန်ချောပေး  လက်ခစားလုပ်ငန်း Cutting ၊ Making ၊ Pack‌aging (CMP) လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊      အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့်  ဆပ်ကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ကိုးခုမှ  CMP လုပ်ငန်းများ  မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဝင်များနှင့်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း၊   မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူ များအသင်းတို့မှ   ကိုယ်စားလှယ်များက   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 


အစည်းအဝေးတွင် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက CMP လုပ်ငန်း များ ကုန်ထုတ်စွမ်းအား အရှိန်အဟုန်မပျက်စေရန်၊ ကိုဗစ်-၁၉ ကြောင့်   လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး အတွက်   ကျန်းမာရေးဝန်ကြီးဌာန၏   ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များ၊ အလုပ်သမား ဝန်ကြီးဌာနက  ထုတ်ပြန်ထားသည့်  ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက် စေလိုကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာ ဩဂုတ် ၁၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ လုပ်သား ၆၄၅၆၂၈ ဦး၊    ဒုတိယအကြိမ်   ကာကွယ်ဆေး ထိုးနှံပြီးစီးသူ     လုပ်သား ၃၄၄၅၄၅  ဦးရှိပြီဖြစ် ကြောင်း။


CMP လုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့် ရရှိသည့်လုပ်ငန်းဖြစ်၍ လုပ်ငန်းရှင်များနှင့် မြန်မာ နိုင်ငံသား အလုပ်သမားများအတွက် အပြန်အလှန်  အကျိုးရှိစေသဖြင့် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီများအနေဖြင့် မိမိလုပ်ငန်းတာဝန်များ ကို အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း UMFCCI ၊  MIA ၊  MGMA နှင့်  ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုသည် CMP လုပ်ငန်းများအတွက် အကောင်းဆုံး မောင်းနှင်အားဖြစ်၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း    ဆွေးနွေး ပြောကြားသည်။ 


ဆက်လက်၍ CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက်လာ သူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ ကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။    

 သတင်းစဉ်