စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန်    ဩဂုတ်     ၂၆


ရန်ကုန်တိုင်းဒေသကြီး  စမ်းချောင်းမြို့နယ်  လင်းလွန်းပင်ပရိယတ္တိစာသင်တိုက်သို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်       ပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ     (ဂန္ထဝါစကပဏ္ဍိတ) အမှူးပြုသော သံဃာတော်(၃)ပါး  ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ     တက်ရောက် ကြည်ညိုကြသည်။ 


 ငါးပါးသီလခံယူ    


အခမ်းအနားတွင်    လင်းလွန်း ပင်  ပရိယတ္တိစာသင်တိုက်   ပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ    (ဂန္ထဝါစကပဏ္ဍိတ)ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးအေးထွန်း အမှူးပြုသော ဌာန ဆိုင်ရာ တာဝန်ရှိသူများက ငါးပါး သီလခံယူ    ဆောက်တည်ကြပြီး ဆရာတော်ကြီးများ     ရွတ်ပွား သရဇ္ဈာယ်တော်မူသည့်    ရတန သုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို    နာယူ ကြည်ညိုတော်မူကြပြီး   ဒုတိယ ဝန်ကြီးက သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။


အနုမောဒနာတရားနာ


ထို့နောက်    လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်        ပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ   (ဂန္ထဝါစကပဏ္ဍိတ)ထံမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများက အနုမောဒနာတရားနာ ကြားကြပြီး      လှူဒါန်းမှုအစုစု အတွက်     ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


လှူဒါန်းပွဲ ဆက်လက်ကျင်းပ


ဆက်လက်၍ ဗဟန်းမြို့နယ်  စတုဘုမ္မိကကျောင်း၌ ဝါဆိုဝါကပ် တော်မူသော ဆရာတော် သံဃာ တော်များနှင့်     ရန်ကင်းမြို့နယ် မဟာဗောဓိ ပရိယတ္တိစာသင်တိုက် ၌ ဝါဆိုဝါကပ်တော်မူသော ဆရာ တော်  သံဃာတော်များထံ  ဆွမ်း ဆန်တော်၊  ဆီနှင့်ပဲ  ဆက်ကပ် လှူဒါန်းပွဲ       အခမ်းအနားကို ဆက်လက်ကျင်းပသည်။


ဆက်ကပ်လှူဒါန်း


ထိုသို့       လှူဒါန်းရာတွင် စမ်းချောင်းမြို့နယ် လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်၌       ဝါဆို ဝါကပ်တော်မူသော သံဃာအပါး ၂၅၀  အတွက်  ဆန်အိတ် ၄၀၊ ဆီ ပိဿာ ၈၀၊ ပဲ ၁၄၄ ပိဿာ၊ ဗဟန်း မြို့နယ်     စတုဘုမ္မိကကျောင်း၌ ဝါဆိုဝါကပ်တော်မူသော   သံဃာ အပါး ၈၀ အတွက် ဆန် ၁၆ အိတ်၊  ဆီ  ပိဿာ ၄၀၊ ပဲ ၄၈ ပိဿာနှင့် ရန်ကင်းမြို့နယ်     မဟာဗောဓိ ပရိယတ္တိစာသင်တိုက်၌     ဝါဆို ဝါကပ်တော်မူသော သံဃာအပါး ၉၀ အတွက် ဆန် ၁၈ အိတ်၊ ဆီ ပိဿာ ၅၀ ၊ ပဲပိဿာ ၆၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့ပြင်    ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ     ဘုန်းတော်ကြီး ကျောင်း ၁၂ ကျောင်းတို့ကိုလည်း  ဆွမ်းဆန်တော်၊    ဆီနှင့်     ပဲများ ဆက်လက်        လှူဒါန်းမည်ဖြစ် ကြောင်း  သိရသည်။


သတင်းစဉ်