
ရန်ကုန် ဧပြီ ၂၂
ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု အထောက် အကူပြုလုပ်ငန်းများ စက်သုံးဆီလွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရေးအတွက် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန် ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံများမှ စက်သုံးဆီ လျှောက်ထားမှုများကို စက်မှုဇုန်အတွင်းရှိ စက်ရုံ များအတွက် သက်ဆိုင်ရာစက်မှုဇုန်များမှ စုစည်း၍ လည်းကောင်း၊ စက်မှုဇုန်ပြင်ပရှိစက်ရုံများအတွက် သက်ဆိုင်ရာအသင်းများ စုစည်း၍လည်းကောင်း လျှောက်ထားလျက်ရှိသည်။
ယင်းသို့လျှောက်ထားရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရေးအတွက် Google Sheet အသုံးပြု၍ သာ လျှောက်ထားရမည်ဖြစ်ပြီး Google Sheet တွင် ဖြည့်စွက်ပုံနည်းလမ်းအဆင့်ဆင့် ရှင်းလင်းဆွေးနွေး ပွဲကို ဧပြီ ၂၁ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်က စက်သုံးဆီလျှောက်ထား ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ လျော့နည်းပပျောက်စေရေးအတွက် ယနေ့ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်း ကွာဟချက်များ ကြောင့် စက်မှုဇုန်များအတွက် နစ်နာမှုများကို လျှော့ချနိုင်ရေး မတ်လ စတုတ္ထပတ်မှစတင်၍ အစည်းအဝေးများပြုလုပ်ခဲ့ပြီး စတင်ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရှင်းလင်းဆွေးနွေးပေး သည့် ပုံစံအတိုင်း တိကျမှန်ကန်စွာ လျှောက်ထား ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က လျှောက်ထားရမည့် Google Sheet တွင် တိကျမှန်ကန်စွာ ဖြည့်သွင်း ပေးစေလိုကြောင်း၊ ဇုန်ပြင်ပမှ လျှောက်ထားမည့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) တွင် မိမိတို့၏ သက်ဆိုင်ရာအသင်း ထောက်ခံချက်ဖြင့် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ Google Sheet မပို့ခင်တွင်လည်း အချက်အလက်များ မှန်ကန်စေရန် ပြန်လည်စစ်ဆေးပေးစေလိုကြောင်း၊ အားလုံး ပူးပေါင်းပါဝင်၍ ကြိုးစားဆောင်ရွက်မည်ဆိုပါက အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။
ယင်းနောက် Google Sheet အသုံးပြု၍ စက်သုံး ဆီ လျှောက်ထားရာတွင် ဖြည့်စွက်ပုံနည်းလမ်း အဆင့်ဆင့်ကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (ဖြန့်ဖြူးရေးကော်မတီ အတွင်းရေးမှူး) ဒေါက်တာသက်ထွန်းအောင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စက်မှု ဇုန်များမှ တာဝန်ရှိသူများက မိမိတို့သိရှိလိုသည်များ ကို မေးမြန်းခဲ့ကြသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ ကုန်သည်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေး မှူးချုပ်၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်မှုဇုန် များမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန် ရှိသူများစုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)