စက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးနှင့်  စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ  ၁၆
ပဲခူးတိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်       အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်   နံနက်ပိုင်းက  သာယာဝတီမြို့နယ်နှင့်      လက်ပံ တန်းမြို့နယ်အတွင်း   စက်မှုကုန် ထုတ်လုပ်ငန်း၊    ကျန်းမာရေးနှင့်    စိုက်ပျိုးရေးလုပ်ငန်းများ      ဖွံ့ဖြိုး တိုးတက်စေရေး      ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  သာယာ ဝတီမြို့နယ်  အင်းရွာရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃၄)အကြီးစားစက်ရုံဝန်းအတွင်း ကြွေပြားထုတ်  စက်ရုံသို့  ကြည့်ရှု ရာ တာဝန်ရှိသူများက  ကြွေပြား ထုတ်လုပ်မှုလုပ်ငန်းစဉ်    အဆင့် ဆင့်အား စက်ရုံအတွင်း  လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၂)   အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄)    အကြီးစားစက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံဆိုင်ရာ  အချက်အလက်များ ကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က   သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်     ပေါင်းစပ် ညှိနှိုင်း   ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ (အပေါ်ပုံ)
ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  လက်ပံ တန်းမြို့နယ်   အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၌     မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊   မြို့မ မြို့ဖများ၊      Volunteer  များနှင့် တွေ့ဆုံပြီး    စိုက်ပျိုးရေးလုပ်ငန်း အတွက်    မြေဆီလွှာများ   ဓာတ်ခွဲ စမ်းသပ်နိုင်ရေး၊        သဘာဝ မြေဩဇာအသုံးပြုနိုင်ရေး၊ နွေစပါး စိုက်ပျိုးရေးအတွက်  လိုအပ်သော ရေထိန်းတံခါး(၂)ခုနှင့် ကျေးလက် လမ်းများကို   ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
ယင်းနောက်     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက    လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို   လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး      ပြည်သူ့ ကျန်းမာရေးနှင့်   ကုသရေးဦးစီး မှူး  ဒေါက်တာသီဟက ကျန်းမာ ရေးဆိုင်ရာ     ကိစ္စရပ်များကို လည်းကောင်း      အကြံပြု  ပြော ကြားခဲ့ကြောင်း သိရသည်။
ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်        ပဲခူး မြို့နယ်၊   ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး      (၃၉)  မိုင်အနီး ဘောနတ်ကြီး- ဘုရားကြီးသွား လမ်းပေါ်၌   လုံခြုံရေးနှင့်   ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်   ဆောက် လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များ       မှာကြားခဲ့ ကြောင်း သိရသည်။   သတင်းစဉ်