
နေပြည်တော် ဇွန် ၆
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်း ဦး၊ ကောင်စီဝင်များ၊ စက်မှုဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီရှိ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ထပ်မံတည်ဆောက်ပေးရမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက် ငါးခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံ ကိန်း နှစ်ခုရှိကြောင်း၊ အဆိုပါ စက်မှုဇုန်၊ စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှု လုပ်ငန်းပေါင်း ၇၉၇၂ ခုရှိပြီး လုပ်သားပေါင်း ငါးသိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးထားနိုင်ကြောင်း၊ စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေ သော လုပ်ငန်းများရှိသဖြင့် စက်မှု ဇုန်အသစ်များ ထပ်မံတည်ဆောက် ပေးသွားရမည် ဖြစ်ကြောင်း၊ ပြည်တွင်း စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် စက်မှုဇုန်အသစ် များ တည်ထောင်ရန်နှင့် တည်ထောင်ထားရှိသော စက်မှု ဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက် ရေး ရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တာဝန်ခံ ဝန်ကြီးဌာနသည် စက်မှုဝန်ကြီး ဌာနဖြစ်ကြောင်း၊ အတည်ပြုပြီး စက်မှုဇုန်ဥပဒေနှင့်အညီ ဗဟို ကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျ ထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များ အား အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲ တည်ရှိနေသော စက်မှုလုပ်ငန်း များအား စက်မှုဇုန်များတွင် စုပေါင်း လုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ခံစား ရရှိစေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာစေရန် နှင့် နိုင်ငံ့စီးပွားတိုးတက်စေရန် ဆောင်ရွက်ကြရန် ပြောကြားသည်။
လက်တွေ့ကျကျစီမံဆောင်ရွက်
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက နေပြည်တော် ကောင်စီအနေဖြင့် ပြည်တွင်း စားသုံးဆီဖူလုံစေရေး၊ အခြား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်စေရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တို့အတွက် အလားအလာရှိသော လုပ်ငန်းများကို လက်တွေ့ကျကျ စီမံဆောင်ရွက်လျက်ရှိပြီး လိုအပ် ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ဆွေးနွေး ပြောကြားသည်။
ယင်းနောက် စက်မှုလုပ်ငန်း နှင့်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေး မှူး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က စက်မှုဇုန်ဥပဒေနှင့် စက်မှု ဇုန်နည်းဥပဒေဆိုင်ရာများ၊ စက်မှု လုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းမှု၊ ရှေ့ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များ၊ စက်မှုဇုန် အသစ် တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ စက်မှု လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင်က ဒက္ခိဏသီရိစက်မှု ဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန် အသစ်များ ထပ်မံဖော်ဆောင်မည့် အခြေအနေကို လည်းကောင်း၊ နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူး နှင့် ဒက္ခိဏသီရိ စက်မှုဇုန်စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌတို့က ဒက္ခိဏ သီရိစက်မှုဇုန်၏ လုပ်ငန်းလည်ပတ် နေမှုတို့ကိုလည်းကောင်းဆွေးနွေး တင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်