
မိမိတို့တာဝန်ယူသည့် ကာလအတွင်း စိုက်ပျိုးရေးတောင်သူများအား ထောက်ပံ့ကြေးပေးခြင်း၊ ချေးငွေများထုတ်ပေးခြင်းနှင့် အခြား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေရေးအတွက်လည်း စီမံဆောင်ရွက် ပေးရန်လိုကြောင်း၊ သွင်းအားစုများအသုံးပြုခြင်းနှင့် မျိုးကောင်းများ အသုံးပြုပြီး ကောက်ကွက်ပြည့်အောင် စနစ်တကျစိုက်ပျိုးခြင်းဖြင့်၊ စပါးများအထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)