
နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေး နည်းပညာပူးပေါင်း ဆောင်ရွက်ရေး (KOPIA) အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်သည့် ပဲပုပ်၊ ပဲတီစိမ်းနှင့် ကုလားပဲ သီးနှံများတွင် တောင်သူများ ပူးပေါင်းပါဝင်၍ ပဲမျိုးစုံ မျိုးစေ့ ကျေးရွာနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ပြုလုပ် ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းအစီအစဉ်အရ လယ်ဝေးမြို့နယ် လက်ပံတန်းကျေးရွာတွင် တောင်သူ ၂၀ ပူးပေါင်း ပါဝင်၍ ကုလားပဲ ရေဆင်း-၄၊ ရေဆင်း-၆ နှင့် ရေဆင်း-၁၂ (စုစုပေါင်း ဧက ၃၀) နှင့် လယ်ဝေးမြို့နယ် အောင်ချမ်းသာကျေးရွာတွင် တောင်သူခုနစ်ဦး ပူးပေါင်း ပါဝင်၍ ပဲတီစိမ်း ရေဆင်း-၁၁၊ ရေဆင်း-၁၄ နှင့် ရေဆင်း-၁၅ (စုစုပေါင်း ဧက ၂၀) ကို မျိုးစေ့ချကိရိယာ ဖြင့် စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ယင်းကဲ့သို့ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အထွက်ကောင်းပဲမျိုးများကို သရုပ်ပြစိုက်ခင်းများ ပြုလုပ်ရာ ကုလားပဲသီးနှံ ကွင်းသရုပ်ပြပွဲအား လယ်ဝေးမြို့နယ် လက်ပံတန်းကျေးရွာ၌လည်း ကောင်း(အောက်ပုံ)၊ ပဲတီစိမ်းသီးနှံကွင်းသရုပ်ပြပွဲအား လယ်ဝေးမြို့နယ် အောင်ချမ်းသာကျေးရွာ၌ လည်းကောင်း ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့ပြီး အဆိုပါကွင်းသရုပ်ပြပွဲများသို့ အနီး အနားဝန်းကျင် ကျေးရွာများမှ တောင်သူများ တက်ရောက်ကာ တောင်သူများက အထွက်ကောင်း ပဲမျိုးများအားစိတ်ပါဝင်စားစွာလေ့လာ၍ သိလိုသည် များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း စိုက်ပျိုး ရေး သုတေသနဦးစီးဌာနမှ သိရသည်။
သိင်္ခ