
နေပြည်တော် ဇူလိုင် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဆီထွက်သီးနှံ သုတေသနစိုက်ကွင်းတွင် ကျင်းပ သည့် တောင်သူများ ကိုယ်တိုင် ပါဝင် ဆောင်ရွက်သော မြေပဲမျိုး ရွေးချယ်ပွဲသို့ တက်ရောက် အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် တောင်သူဦးကြီးများနှင့် တွေ့ဆုံပြီး တောင်သူကြီးများ၏ တစ်နှစ်တာအတွင်း သီးနှံစိုက်ပျိုး မှုပုံစံများ၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုပုံစံများနှင့် အဓိက ထားစိုက်ပျိုးသည့် ဆီထွက်သီးနှံ များ၊ မြေပဲသီးနှံစိုက်ပျိုးမှုနှင့် သုံးစွဲလျက်ရှိသည့် မျိုးကွဲများ၊ စိုက်နည်းစနစ်၊ ဆီစားသုံးမှုပုံစံ များကို မေးမြန်းဆွေးနွေးကာ အခြားသော အလားအလာ ကောင်းဆီထွက်သီးနှံများ စိုက်ပျိုး လုပ်ကိုင်နိုင်ရေး အခွင့်အလမ်း များ၊ လုပ်ကွက်ငယ် လယ်သမား များအနေဖြင့် ဈေးပိုရသော မျိုးမြေပဲထုတ်လုပ်ရေး လုပ်ငန်း ကို ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုး သည်မှ ရိတ်သိမ်းချိန်အထိ ဆောင် ရွက်ရန်လုပ်ငန်းများကို စက်စွမ်း အားပြည့်အသုံးပြုနိုင်ရန် ကိစ္စ ရပ်များကို ဆွေးနွေးမှာကြား သည်။
ယင်းနောက် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဆီထွက် သီးနှံဌာနစု တာဝန်ခံဒေါက်တာ ခင်မျိုးဝင်းက မြေပဲမျိုးရွေးချယ် ခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရ သည့် ရည်ရွယ်ချက်များ၊ ပြသ ထားသည့် မျိုးများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်ရှိသူများက မြေပဲမျိုး တစ်မျိုးချင်း၏ အရည် အချင်းလက္ခဏာများကို လည်း ကောင်း ရှင်းလင်းပြသကြပြီး ပုဗ္ဗသီရိမြို့နယ် သာယာကုန်း ကျေးရွာ မြေပဲစိုက်တောင်သူ တစ်ဦးက ရေဆင်း - ၁၁ မျိုးနှင့် ရေဆင်း-၁၆ မျိုးနှစ်မျိုး၏ စိုက်ပျိုး ခဲ့မှု အတွေ့အကြုံအပေါ် နှိုင်းယှဉ် သုံးသပ်ချက်အရ ရေဆင်း - ၁၆ မျိုးစိုက်ခင်းမှ တစ်ဧက တင်း ၂၀ ဝန်းကျင်ခန့် ပိုမိုထွက်ရှိ ကြောင်းနှင့် ရောဂါဒဏ်၊ ရေငတ် ဒဏ် ပိုမိုခံနိုင်ရည်ရှိကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ တပ်ကုန်း မြို့နယ် ကံလှကျေးရွာအုပ်စုနှင့် ပုဗ္ဗသီရိမြို့နယ် သာယာကုန်း ကျေးရွာတို့မှ တောင်သူများသည် မျိုးရွေးချယ်ပွဲတွင် ရွေးချယ်ရမည့် အထွက်နှုန်း မြင့်မားသော မျိုးသစ် များဖြစ်သည့် ဆင်းပဒေသာ -၁၁၊ ဆင်းပဒေသာ - ၁၄၊ ဆင်းပဒေ သာ- ၁၅၊ ဆင်းပဒေသာ - ၁၆၊ မကွေး-၁၆၊ YZG-12008၊ တွန်တာ နီ(မကွေး)၊ စွန်တာနီ(လယ်ဝေး)၊ ဗီယက်နမ်(မကွေး)၊ ဗီယက်နမ် (လယ်ဝေး)၊ SP-121၊ SPR (လယ်ဝေး) စသည့်မျိုးများထဲမှ မိမိတို့ ကြိုက်နှစ်သက်သည့် မျိုး များကို တောင်သူတစ်ဦးချင်းဆီက မဲပေးရွေးချယ်ခဲ့ကြရာ ဆင်းပဒေ သာ - ၁၁ မျိုးကို တောင်သူအများ ဆုံး အကြိုက်နှစ်သက်ဆုံးမျိုး အဖြစ်ရွေးချယ်ခဲ့ကြပြီး ဒုတိယ အကြိုက်နှစ်သက်ဆုံး မျိုးအဖြစ် ဆင်းပဒေသာ-၁၆ နှင့် YZG -12008 (ဆင်းပဒေသာ - ၁၇) မျိုးများကို ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်