မန္တလေး ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်း သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်လှစ်သင်ကြား ရာတွင် ကျောင်းသား ကျောင်းသူ များ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေ ပျော်၍ စိတ်ဓာတ်မြင့်မား တက်ကြွစေရေး၊ အခက်အခဲများ ကို ဖြေရှင်းပေးနိုင်ရေးအတွက် ကျောင်းများသို့ သွားရောက် ဆောင်ရွက်ပေးလျက်ရှိရာစိုက်ပျိုး ရေးသိပ္ပံ (ပုသိမ်ကြီး) ရတနာပုံ ခန်းမ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်သော စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး)တွင် တက်ရောက် နေသော မန္တလေး လုံပီး(ဖလမ်း မြို့နယ်)နှင့် ရွှေဘိုမြို့နယ်တို့မှ ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို နှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက အခမ်းအနား ကို ဂုဏ်ပြုသီချင်းဖြင့် သီဆို ဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး အခြေခံသည့် ကုန်ထုတ်လုပ် မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် လူငယ် များ အကြောင်းအမျိုးမျိုးကြောင့် အဆင့်မြင့်ပညာသင်ယူခွင့် မရရှိ သူများအနေဖြင့် အသက်မွေး ဝမ်းကျောင်းပညာများကို သင်ယူ တတ်မြောက်ခြင်းဖြင့် လူငယ်များ ၏ ဘဝတိုးတက်လာပြီးတိုင်းပြည် လည်း တိုးတက်လာမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှလည်း စိုက်ပျိုးရေး၊ မွေးမြူ ရေးပညာရှင်များ မွေးထုတ်ပေး သည့် စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ် တစ်အား ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ လူသားတို့၏ လိုအပ် ချက်ဖြစ်သော နေ့စဉ်စားသုံးမှု အာဟာရများကို ထုတ်လုပ် ဆောင်ရွက်ပေးရသော ပညာရပ် ဖြစ်သည့်အတွက် တန်ဖိုးထား ဂုဏ်ယူကြရမည် ဖြစ်ကြောင်း၊ တစ်နှစ်ချမ်းသာ ကြွယ်ဝချင်လျှင် သီးနှံစိုက်ပျိုးပါ၊ ဆယ်နှစ် ချမ်းသာ ကြွယ်ဝချင်လျှင် သစ်ပင်များ စိုက်ပျိုးပါ၊ နှစ်ရာချီပြီး ချမ်းသာ ကြွယ်ဝချင်လျှင် ပညာသင်ကြား ပြီး ပညာတတ်ဖြစ်အောင် လုပ်ပြီး မှ လူတွေကို ပြုစုပျိုးထောင်ပါ ဆိုသည့်စကားအတိုင်း စာပေကို လေ့လာပြီး စာတွေ့လက်တွေ့ ပညာရပ်များကို အသုံးချ၍ မှန်ကန်သော အလုပ်ဖြင့် ပြည်သူ့ အကျိုးကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသား ရိုးရာအကများ၊ တေးသရုပ်ဖော် သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှု ကို ကြည့်ရှုအားပေးပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် ဂုဏ်ပြု ငွေကျပ် ၅၄၁၀၀၀၀ ကို ချီးမြှင့်ကြောင်း သိရသည်။
သတင်းစဉ်



