စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် ယခုနှစ်ကျောင်းဖွင့်ရာသီမှ စတင်၍ မွေးမြူရေးဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၇


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့တွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း  ရွှေရတုအထိမ်းအမှတ် ခန်းမဆောင်၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ၊ ကျောင်းစီမံအုပ်ချုပ်ရေးဝန်ထမ်းများကို တွေ့ဆုံအမှာစကားပြောကြား၍ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 


ဆွေးနွေးမှာကြား


ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  အစောဆုံး  (၁၉၂၄)ခုနှစ်က    တည်ဆောက်ခဲ့သည့်    နှစ်တစ်ရာနီးပါး သက်တမ်းရှိ ရှေးဟောင်းကျောင်းအဆောက်အအုံ များ ထိန်းသိမ်းရေးနှင့်  ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာရေးဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုး ရေး သိပ္ပံကျောင်း စာကြည့်တိုက်များ အဆင့်မြှင့်တင် ရေး၊    စိုက်ပျိုးရေးတက္ကသိုလ်၊  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များရှိ   စာကြည့်တိုက် ကွန်ရက် များနှင့်    ချိတ်ဆက်အသုံးပြုနိုင်ရေး၊    စိုက်ပျိုးရေး သိပ္ပံကျောင်းများအချင်းချင်းအကြား   အသိပညာ နည်းပညာဖလှယ်ရေး      အင်တာနက်ကွန်ရက် ချိတ်ဆက်ရေးဆိုင်ရာများကို လည်းကောင်း၊ဝန်ထမ်း အိမ်ရာများတွင် အာဟာရပြည့်ဝရေးနှင့် မိသားစု ဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ရေး လုပ်ကိုင်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း ၊ ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာများ      သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ   ဆောက်လုပ်ပြီးစီးရေးကိုလည်းကောင်း ဆွေးနွေးမှာကြားသည်။

 


 ရှင်းလင်းတင်ပြ


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လာမည့်စာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် မွေးမြူ ရေး ဒီပလိုမာသင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးပညာ စာသင် ဆောင်၊ ဓာတ်ခွဲခန်း၊ လက်တွေ့သင်တန်း အထောက် အကူပြု      အဆောက်အအုံများ    ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးကြည့်ရှုရာ တာဝန်ရှိ သူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။

 


စနစ်တကျရေးဆွဲချမှတ်


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီးရေး၊ ငွေစာရင်းဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ ကျောင်းဖွင့်ရာသီအမီ ဆောင်ရွက် ရမည့် အကြိုလုပ်ငန်းများ စနစ်တကျရေးဆွဲချမှတ် ဆောင်ရွက်ရန်     လိုအပ်ချက်များကို     ဆွေးနွေး မှာကြားသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေး    အလေ့အကျင့်ကောင်းများ     (GAP) ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းသို့ ရောက်ရှိကြပြီး ဒေသနေပြည်သူများ ပုဂ္ဂလိကများကို နည်းပညာပေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 


ရည်ရွယ်ဆောင်ရွက်


မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးတက္ကသိုလ် တစ်ခု၊ မွေးမြူရေးဆိုင်ရာ    ဆေးတက္ကသိုလ်  တစ်ခုရှိပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၅ ကျောင်းကို တိုင်းဒေသ ကြီး ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည်။ ယခုအခါ    မွေးမြူရေးကဏ္ဍတွင်    လိုအပ်လျက် ရှိနေသည့်      အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူများ သင်ကြားလေ့ကျင့် မွေးထုတ်ပေး နိုင်ရေးအတွက်  စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် ယခုနှစ်    ကျောင်းဖွင့်ရာသီမှ   စတင်၍  မွေးမြူရေး ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး ဆောင်ရွက် လျက်ရှိပြီး စက်မှုလယ်ယာ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း   မျှော်မှန်းဆောင်ရွက် လျက်ရှိနေကြောင်း၊ လက်တွေ့အသုံးချ ပညာရပ်များ ကို  အသက်မွေးဝမ်းကျောင်း ပညာရပ်များအဖြစ်  အသုံးပြုလုပ်ကိုင်နိုင်ကြခြင်းဖြင့် လူငယ်များအတွက် အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ် အကိုင် အခွင့်အလမ်း ရရှိရေးသာမက စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများတွင်   ကိုယ်တိုင်လုပ်ကိုင်ကြမည့် လယ်ယာစီးပွားလုပ်ငန်းရှင်များ ပေါ်ထွက်လာခြင်း ကြောင့် လယ်ယာကဏ္ဍ  ဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန် ကောင်းမွန်လာစေရန် ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်