စိုက်ပျိုးရေဖူလုံမှုမှသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဝိုင်းဝန်းဆောင်ရွက်

1

 

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် မြန်မာနိုင်ငံတွင်လည်း သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် လိုက်လျောညီထွေ ရှိသည့်စိုက်ပျိုးရေးကဏ္ဍ ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်လျက်ရှိနေပါသည်။ 


မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှု အပြောင်းအလဲများ ခြင်းစသည့်    လွန်ကဲသော   ရာသီဥတုဖြစ်ရပ်များ ကြောင့်     စိုက်ပျိုးရေမလုံလောက်မှုပြဿနာနှင့်   ရေကြီးရေလျှံမှုကြောင့်  စိုက်ပျိုးသီးနှံများ  ပျက်စီး ဆုံးရှုံးမှုများ   ကြုံတွေ့ရမှုကို  ကျော်လွှားနိုင်ရန်၊ သီးနှံများအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန် ရေးအတွက်  အဓိကအရေးပါသည့်  အချက်တစ်ခု ဖြစ်သော စိုက်ပျိုးရေ လုံလောက်စွာရရှိရန် စိုက်ပျိုး ရေး၊      မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  အောက်ရှိ  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်      ရေရှည်တည်တံ့သော    စိုက်ပျိုးရေးဖြစ်စေရန် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများကို     ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။    


စိုက်ပျိုးရေရရှိရေး ဆောင်ရွက်မှု


နိုင်ငံတစ်ဝန်းရှိ မြေပေါ်မြေအောက် ရေအရင်း အမြစ်များကို ထိရောက်အကျိုးရှိစွာ  အသုံးပြုနိုင် ရေးအတွက် ရေအားအဆောက်အအုံများကို တည် ဆောက်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာ   ရေလှောင်တမံပေါင်း ၂၄၆ ခု၊    ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊  မြစ်ရေ တင်လုပ်ငန်း ၂၁၉ ခု စုစုပေါင်း ရေအားအဆောက် အအုံ ၈၈၀ ခုတို့အား တည်ဆောက်ထိန်းသိမ်းထား ရှိပြီး ဆက်စပ်ဆည်ရေသောက်စနစ်များကိုလည်း ထည့်သွင်းတည်ဆောက်ကာ   ဆည်ရေသောက် ဧရိယာ  ဧက  ၃၁  သိန်းကျော်အား   စိုက်ပျိုးရေ ပေးဝေလျက်ရှိသကဲ့သို့  ဆည်ရေသောက်ဧရိယာ အတွင်း မပါဝင်သည့်ဒေသများ၌  မြေအောက်ရေကို အသုံးပြုစိုက်ပျိုးနိုင်ရန် စက်ရေတွင်း ၂၅၅၄၄ တွင်း ကို တူးဖော်ထားရှိပြီး စိုက်ပျိုးမြေ ၂၅၄၁၀၅ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပါသည်။ 


ဆည်၊ ကန်၊ တမံများမှ သိုလှောင်ရေများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး  စီမံဆောင်ရွက်လျက် ရှိသည့်အပြင် အခြားရေရရှိနိုင်မည့် နည်းလမ်းမျိုး စုံဖြင့်လည်း စိုက်ပျိုးရေဖူလုံမှုရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လတ်တလောအကျိုးပြုနိုင် မည့် လုပ်ငန်းများအနေဖြင့် မိုးတွင်းကာလ ရိုးငယ်၊ ချောင်းငယ်များမှ အလဟဿစီးဆင်းလျက်ရှိသည့် ရေများကို   ယာယီချောင်းပိတ်တမံများပြုလုပ်၍ ရေကိုစုဆောင်းပြီး  လျှပ်စစ်နှင့်  ဆိုလာစနစ်များဖြင့် ရေတင်ပေးဝေကာ   စိုက်ပျိုးမြေဧရိယာများ  ပိုမို တိုးတက်စိုက်ပျိုးနိုင်ရေး  ဆောင်ရွက်ပေးလျက်ရှိပါ သည်။   နွေကာလရေရှားပါးချိန်တွင်   နွေသီးနှံ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက်  တစ်နိုင်ငံလုံး၌ ဆည်၊ တမံများမှ သိုလှောင်ရေများအပြင် အခြားရေ ရရှိနိုင်သည့်နေရာများ၌ ချောင်းပိတ်၊ မြောင်းပိတ် လုပ်ငန်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ (၂၀၂၃-၂၀၂၄)  ခုနှစ်တွင်  တစ်နိုင်ငံလုံး၌   လုပ်ငန်းပေါင်း ၃၁၇ ခုကို  ဆောင်ရွက်၍  နွေသီးနှံစိုက်ပျိုးဧရိယာ ၁၄၀၂၇၂  ဧကကို   စိုက်ပျိုးရေပေးဝေနိုင်ရန်   စီမံ ဆောင်ရွက်လျက်ရှိပါသည်။


ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ရေချို ရရှိရေးအတွက်  မြစ်ချောင်းများမှတစ်ဆင့်  ရေချို သွင်းမြောင်းများအား  နှစ်စဉ်တူးဖော်ခြင်း၊  ရေချို ထိန်း ရေတံခါးများတည်ဆောက်ခြင်းဖြင့် သီးထပ် သီးနှံစိုက်ပျိုးဧကတိုးချဲ့စိုက်ပျိုးနိုင်ပြီး   ရေငန်ဝင် ရောက်မှုကို  ကာကွယ်နိုင်ရန်အတွက်  ရေငန်တား တာများနှင့်  ရေတံခါးများ  တည်ဆောက်ခြင်းတို့ကို လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။


(၂၀၂၀-၂၀၂၁) ခုနှစ်၌  စိုက်ပျိုးရေပေးဝေနိုင် ခဲ့မှုအနေဖြင့်  ဧက ၂၃ ဒသမ ၈၉ သိန်း ပေးဝေခဲ့ ရာမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင်    စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်ရေး    စီမံ ဆောင်ရွက်ခဲ့မှုများအရ  ယခု  (၂၀၂၃-၂၀၂၄)ခုနှစ် နွေစပါးရာသီတွင် နွေစပါးနှင့် အခြားသီးနှံ စုစုပေါင်း ဧက ၃၈ ဒသမ ၄၇ သိန်းအထိ  စိုက်ပျိုးရေတိုးတက် ပေးဝေလျက်ရှိပါသည်။ 


ရေအသုံးချသူများအဖွဲ့


တောင်သူများ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေးအတွက် ဒေသမှ တည်ဆောက်ထိန်းသိမ်း ထားသည့်  ကျေးလက်ဆည်ငယ်/ ကန်ငယ်များ ထိန်းသိမ်းပြုပြင်ရာတွင် လိုအပ်သည့် နည်းပညာနှင့် စက်ယန္တရားများဖြင့်    ကူညီဆောင်ရွက်လျက်ရှိ ပါသည်။  ဆည်ရေသောက်စနစ်များတွင်  ရေစီမံ ခန့်ခွဲမှုလုပ်ငန်းများ  ထိရောက်မှုရှိစေရန်အတွက် ဆည်ရေသောက်တောင်သူများကို ရေအသုံးချသူ များအဖွဲ့ (Water Users Group)အဖြစ်    ဖွဲ့စည်း၍ ရေပေးဝေမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် စေလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ထိ  နိုင်ငံတစ်ဝန်း၌   ရေအသုံးချသူများအဖွဲ့ (WUG) ပေါင်း ၈၉၈၂ ဖွဲ့ကို    တောင်သူဦးရေ ၂၂၈၇၉၉  ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ WUG အဖွဲ့များ ပိုမို အားကောင်းလာစေရန်နှင့် ရေပေးဝေမှုလုပ်ငန်းများ တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်လာစေရန် ရေအသုံးချသူများအသင်း       (Water Users Association) အဖြစ် တိုးချဲ့ဖွဲ့စည်းပေးခဲ့ရာ WUA ၁၀ သင်းကို ဖွဲ့စည်းပြီးဖြစ်ပါသည်။ 


တောင်သူများအား   အဆိုပါ   WUG  /  WUA အသင်းအဖွဲ့များမှတစ်ဆင့်   ရေစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ဖြန့်ဝေနိုင်ရန်အတွက် ရေစီမံခန့်ခွဲမှု သင်တန်းများ ပို့ချခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် ရေပေးဝေမှုများအား သရုပ်ပြခြင်း၊ စံပြစိုက်ခင်းများ သို့  လေ့လာရေးအစီအစဉ်များ စီစဉ်ဆောင်ရွက် ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်တက် ရောက်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။


ရေဘေးကာကွယ်ရေး ဆောင်ရွက်မှု


မြစ်ချောင်းများအနီး   မြစ်ဝှမ်းဒေသများနှင့် မြစ်ရေကြီးမှု  ဖြစ်ပေါ်လေ့ရှိသော  ဒေသများတွင် စိုက်ပျိုးမြေဧရိယာများအား   ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်   ရေဘေးကာကွယ်ရေးတာများကို တည်ဆောက်ထားရှိပါသည်။ ထို့ပြင် ပင်လယ်နှင့် ထိစပ်လျက်ရှိသော ဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင်      ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက်   ရေငန်တားတာများကို လည်း  တည်ဆောက်ထားရှိပါသည်။  တစ်နိုင်ငံလုံး တွင် ရေဘေးကာကွယ်ရေးတာ ၁၀၂ ခု၊ အလျားမိုင် ၁၃၆၁ မိုင်ကိုလည်း   တည်ဆောက်၍  စိုက်ပျိုးမြေ  ဧရိယာဧက  ၂၀ ဒသမ ၂၄  သိန်းကျော်ကို  ရေကြီး နစ်မြုပ်မှုအန္တရာယ်မှ ကာကွယ်ထားရှိပြီး ရေငန် တားတာ ၁၂၉ ခု၊        အလျားမိုင် ၁၂၃၃  မိုင်ကို  တည်ဆောက်၍ စိုက်ပျိုးမြေဧရိယာ ခုနစ်သိန်းကျော် ကို ပင်လယ်ရေငန်ဝင်ရောက်မှုမှ   ကာကွယ်ထားရှိပါ သည်။  ထို့ပြင် စိုက်ပျိုးမြေဧရိယာများတွင်   ရေကြီး နစ်မြုပ်မှုမဖြစ်ပေါ်စေရန်    ချောင်း/မြောင်းများ  ‌ရေစီးရေလာကောင်းမွန်စေရေးအတွက်   ချောင်း ကော/မြောင်းကောများ၊ ရိုးများနှင့် ရေနုတ်မြောင်း များကို  နှစ်စဉ် တူးဖော်ခြင်းကိုလည်း  ဆောင်ရွက် လျက်ရှိပါသည်။ 


ပင်လယ်နှင့်  ထိစပ်လျက်ရှိသည့်  ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်  နွေစပါးနှင့်  နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်    အထွက်နှုန်းထိခိုက်မှု မရှိစေရေးအတွက် ရေငန်ဝင်ရောက်မှုတိုင်းတာခြင်း လုပ်ငန်းများကို    ပင်လယ်ရေငန်ဝင်ရောက်မှုနှုန်း အများဆုံးဖြစ်သည့်   မတ်လနှင့်   ဧပြီလများ၏  ရေထရက်များတွင် တိုင်းတာဆောင်ရွက်လျက်ရှိပါ သည်။ တိုင်းတာရရှိသည့်  အချက်အလက်များအရ ရေငန်ဝင်ရောက်မှု အခြေအနေများကို တောင်သူများ သိရှိစေရန်အတွက် ဆိုင်းဘုတ်များစိုက်ထူ၍  အသိ ပေးခြင်းနှင့်  တောင်သူတွေ့ဆုံပွဲများတွင်    အသိပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။


စိုက်ပျိုးရေချွေတာသုံးစွဲ၍ စိုက်ဧကများ
ပိုမိုတိုးတက်လာစေမည့် နည်းလမ်းများ


ယခုနောက်ပိုင်းကာလများတွင်   ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များ ရှားပါးလာ ပြီး စိုက်ပျိုးရေမလုံလောက်မှုများနှင့် ကြုံတွေ့နိုင် ခြေရှိလာသဖြင့် စိုက်ပျိုးရေရယူသုံးစွဲမှုကို သမား ရိုးကျ  နည်းလမ်းများဖြင့်  ဆောင်ရွက်ခြင်းထက်  စိုက်ပျိုးရေလျော့နည်းသုံးစွဲနိုင်မည့်  နည်းလမ်းများ အား ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် စိုက်ဧကများ တိုးတက်လာစေရေး  ဆောင်ရွက်ရန်  လိုအပ်မည် ဖြစ်ပါသည်။ 


တောင်သူများအနေဖြင့် ရေရရှိနိုင်မှု အခြေ အနေများအပေါ်မူတည်၍  စိုက်ပျိုးသည့်သီးနှံနှင့် စိုက်ပျိုးနည်းစနစ်ပုံစံများကို  ပြောင်းလဲစိုက်ပျိုး ကြရန် လိုအပ်မည်ဖြစ်ပါသည်။ စိုက်ပျိုးရေ   ရယူ သုံးစွဲရာတွင် မိမိတို့စိုက်ပျိုးသည့် သီးနှံ၏အနည်း ဆုံး    ရေလိုအပ်ချက်ပမာဏကိုသာ  ထိထိရောက် ရောက်     ရယူသုံးစွဲခြင်း၊    ရေလေလွင့်ဆုံးရှုံးမှုကို  လျှော့ချ၍  အကျိုးရှိထိရောက်စွာသုံးစွဲခြင်း၊    ရေ လိုအပ်ချက်နည်းပါးသည့်  သီးနှံများကို  ပြောင်းလဲ စိုက်ပျိုးခြင်းတို့ကို   ဆောင်ရွက်ရမည်ဖြစ်ပါသည်။  ထိုကဲ့သို့      ဆောင်ရွက်ရာတွင်      ဒေသအလိုက်၊ရေသောက်ဧရိယာများအလိုက် သင့်တော်ထိရောက် သည့် ရေပေးဝေမှုစနစ်၊ ရေရယူအသုံးပြုမှုစနစ်များ ကို ရေပေးဝေသူများ၊ ရေအသုံးချသူတောင်သူများ နှင့်   စိုက်ပျိုးရေးပညာရှင်များအကြား  ပူးပေါင်း ညှိနှိုင်း၍ စိုက်ပျိုးရေလျော့နည်းသုံးစွဲနိုင်ရေး (Reduce) အတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။


စိုက်ပျိုးရေရှားပါးသော      ဒေသများတွင် ရေနုတ်မြောင်းမှရေကို အသုံးပြုခြင်း (Reuse) သည် ရေအရင်းအမြစ် ဖြည့်တင်းရေးအတွက် အရေးကြီး သော ဗျူဟာတစ်ရပ်ဖြစ်သည်။ ထို့ပြင် ပြန်လည် အသုံးပြုခြင်းသည် ရေနုတ်မြောင်းတွင်စီးဆင်းသည့် ရေပမာဏကို   လျှော့ချခြင်းဖြင့်   ရေနုတ်မြောင်း ပြဿနာများကို  သက်သာစေနိုင်သည်။  ရေနုတ် မြောင်းများ၊  ရိုးချောင်းများတွင် မြေပြင်အနေအထား များအရ နွေရာသီရေရှားပါးကာလတွင် တစ်ဖက်ပိတ် ဆည်ငယ်များ ပြုလုပ်ခြင်း၊ ယာယီမြေသား တမံ များ ပြုလုပ်ခြင်းတို့ဖြင့် ပိုလျှံရေများကို ပြန်လည် စုဆောင်း ရယူခြင်း၊    စုဆောင်းရရှိသည့်ရေများကို ရေစုပ်တင်၍ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ 


တူးမြောင်းများနှင့် ရေအားအဆောက်အအုံ များ၊ ရေနုတ်မြောင်းများနှင့် ရေယူပေါက်၊ ရေထွက် ပေါက်များအား စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ပြုပြင်ခြင်း  (Renovation) တို့ကို ပုံမှန်ဆောင်ရွက်ခြင်းဖြင့်လည်း စိုက်ပျိုးရေလေလွင့် ဆုံးရှုံးမှုမှ  လျော့နည်းသက်သာစေမည်  ဖြစ်ပါသည်။


စိုက်ပျိုးရေမလုံလောက်မှု ပြဿနာကိုကြိုတင် မှန်းဆ၍ ဖြေရှင်းဆောင်ရွက်ကြရာတွင် နိုင်ငံတော် အပိုင်းမှ   ကျခံဆောင်ရွက်ရသည့်   လုပ်ငန်းများ ရှိသကဲ့သို့     ရေသုံးစွဲသူ  တောင်သူများအနေဖြင့် လည်း   ရေပေးမြောင်းနှင့်  ရေယူအဆောက်အအုံ များကို  ဌာနဆိုင်ရာများနှင့်အတူ အချိန်မီပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရေပေးဝေမှုလုပ်ငန်း များတွင်  ပူးပေါင်းဆောင်ရွက်ခြင်း၊   ရေသုံးစွဲသူ တောင်သူ   အစုအဖွဲ့များဖြင့်     စိုက်ပျိုးရေကို စနစ်တကျ    ရယူသုံးစွဲခြင်းတို့ကို   ဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။ 
ထိုသို့ တောင်သူအစုအဖွဲ့များအဖြစ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်       စုပေါင်းဆောင်ရွက်သည့်  အလေ့အထကောင်းများ         ရရှိလာမည့်အပြင်   စိုက်ပျိုးရေးကဏ္ဍ   ပိုမိုတိုးတက်လာစေရန်အတွက် စီးပွားရေးတွက်ခြေကိုက်မည့်သီးနှံပုံစံများ ရွေးချယ် စိုက်ပျိုးလာနိုင်ခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကိုလည်း       တောင်သူအသင်း အစုအဖွဲ့များအနေဖြင့် ဈေးကွက်ရှာဖွေရောင်းချနိုင်ခြင်းတို့ကို ဆောင်ရွက် လာနိုင်မည်ဖြစ်ပါသည်။


ဆည်မြောင်းနှင့်    ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် လယ်/ယာကဏ္ဍ   ဖွံ့ဖြိုးတိုးတက် ရေးနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား သိသာထင်ရှားစွာ              ပြောင်းလဲတိုးတက်မှုများ     ဖြစ်ထွန်းနိုင်စေရေးအတွက်     စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ အပြင်    တောင်သူများ၏  စိုက်ပျိုးထုတ်ကုန်များ       မြင့်မားတိုးတက်ရေးအတွက်လည်း ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော်       ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ၂၀၂၄  ခုနှစ် မတ်လ ၁ ရက်နေ့ တွင်  ကျရောက်မည့် တောင်သူလယ်သမားနေ့အား  ဂုဏ်ပြုသောအားဖြင့် တင်ပြလိုက်ရပါသည်။        ။

ဝင်းကို - ဆည်ရေ