စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေရယူနိုင်ရန် တောင်သူဦးကြီးများသို့ အသိပေးကြေညာချက်

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်       လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူ ရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း တို့အတွက်   အရင်းအနှီးလိုအပ်ချက်ရှိသူ  တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို  ၁ နှစ်လျှင် အတိုးနှုန်း ၅ % ဖြင့် ထုတ်ချေးပေးလျက်ရှိပါသည်။
ချေးငွေပမာဏမှာ    တောင်သူတစ်ဦးချင်းအတွက်    အများဆုံး ကျပ်သိန်း   ၇၀၀၊   တောင်သူအစုအဖွဲ့ (၁) ဖွဲ့အတွက်   အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက် ဝယ်ယူလိုသည့်  လယ်ယာသုံးစက်ကိရိယာများကို    စက်ကိရိယာ အရောင်းပြခန်းကုမ္ပဏီများထဲတွင်     ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ချေးငွေပေးဆပ်ရာတွင်    ထော်လာဂျီ၊    လက်တွန်းထွန်စက်ချေးငွေ အတွက် ၃ နှစ် ၃ ရစ်၊  အဆိုပါစက်များမှအပ  ကျန်စက်ကိရိယာများ အတွက် ၅ နှစ် ၅ ရစ် ပေးဆပ်သည့်စနစ်ဖြစ်ပါသည်။
ချေးငွေရယူလိုသော   တောင်သူဦးကြီးများအနေဖြင့်   မိမိတို့နှင့် နီးစပ်ရာ    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊   ခရိုင်/    မြို့နယ်ဘဏ်ခွဲများ နှင့်ဆက်သွယ်၍ ချေးငွေအတွက်  တင်သွင်းရမည့်အာမခံနှင့် ချေးငွေ ဆိုင်ရာ  စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေ လျှောက်ထားရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ချေးငွေနှင့်စပ်လျဉ်း၍  သိရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် (ရုံးချုပ်) ၏   လိပ်စာ၊   အမှတ် ၂၆/၄၂၊   ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့  ဖုန်း - ၀၁-၈၃၉၁၂၃၅  သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
                        မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန